Professional Authors

သူငယ်ချင်းသို.

လွယ်လွယ် ပြောတတ်တဲ့
စကားတစ်ခွန်းအတွက်
လေးလေးနက်နက်
အရောင်ပြောင်းလိုက်တယ်
အိပ်မက်ကိုတော.
ကြိုးချည်ထားဆဲပါပဲ။

အဆုံးသတ်တစ်ခုအတွက်
ဘ၀သစ်တစ်ခုကို
ဖန်တီးကြပြန်တယ်
ကိုယ်.ကြမ္မာကိုယ်
ဖန်တီးနိုင်မယ်.ရက်…………..မသိသရွေ.
စိတ်ကူးတွေကို ခြေချုပ်ချလိုက်တယ်။

အသစ်အသစ်သော
စွပ်စွဲချက်တွေအတွက်
ဟောင်းနွမ်းပြီးသားအတိတ်ကို
အားတက်သယောတူးဖော်ကြပြန်တယ်
တက်ညီလက်ညီနဲ့……………………..
အဲ့ဒီ.တော.
ခ၀ါချထားတဲ့ မုန်းတီးခြင်းပိတ်ကားကို စုပ်ဖြဲပစ်လိုက်မယ်။

သတိပေး ခရာ တွတ်လိုက်တယ်
စစ်ချီတီးလုံး နဲ့ စလိုက်တယ်
ဝမ်းနည်းခြင်းကို ခြေမွလိုက်တယ်
ဒီလိုနဲ့  ဒီတစ်ယောက်ဟာ ဒီလိုမျီုး
လောကကြီးရဲ့ အသုံးချခ့ဖြစ်သွားရလေသလား။

သူငယ်ချင်း
လေးနက်စွာဖြင်.
ဆုတောင်းလိုက်ပါတယ်…………………

အဖြူ ဆိုတဲ့အရောင်ကို ရှာတွေ.နိုင်ပါစေ………………………..

အပိုဆိုပေမယ်.
မင်းမကြိုက်တဲ့
နှုတ်ဆက်ခြင်းမျီုးနဲ့ပဲ
မင်းကို ငါ နှုတ်ဆက် ခဲ့ ပါ တယ်

သူ ငယ် ချင်း ကောင်း ရာ သု ဂ တိ လား ပါ စေ

(တစ်ခါက သူငယ်ချင်းတစ်ယောက်အတွက်)

                                                                     ridd

In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

အဆုံးသတ်တစ်ခုအတွက်
ဘ၀သစ်တစ်ခုကို
ဖန်တီးကြပြန်တယ်
ကိုယ်.ကြမ္မာကိုယ်
ဖန်တီးနိုင်မယ်.ရက်…………..မသိသရွေ.
စိတ်ကူးတွေကို ခြေချုပ်ချလိုက်တယ်။

commentinfo By: May Kha at Sep 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment