“ထလှည့်ပါ…အို သူငယ်ချင်း”
(ဤကဗျာသည် တစ်ယောက်သော အခင်ဆုံးသူငယ်ချင်း အတွက်)
“ထလှည့်ပါ…အို သူငယ်ချင်း“
အို သူငယ်ချင်း
ကြိုးစားကာ တက်လှမ်းရင်း
လမ်းလယ်မှာ နွမ်းလျလို့
မောနေပြီလား။
မောသည်ကိုဖြေကာ
ကျောဘက်ကိုလှည့်ပါလို့
သင်လျှောက်ခဲ့သောလမ်း
ပြန်ကြည့်လှည့်ဦး။
တစ်ချို့မှာကား ခရောင်းတောလမ်း
ကြမ်းတမ်းခဲ့၏။
တစ်ချို့တောင်ကား မပြေမတ်စောက်
ခက်ခဲခဲ့၏။
တစ်ချို့မြစ်ကား ရေစီးသန်သန်
ကူးရန်ကျယ်ပြန့် ပင်ပန်းခဲ့၏။
ဤသို့ခရီး မလျှော့သောဇွဲနှင့်
မောလည်းပြန်ထ သင်ဖြတ်ခဲ့ပြီ။
ရှေ့ကိုလှည့်ကာ မော့ကြည့်ပါလော့။
ဤတောင်ကျော်လျင်
နှင်းပွင့်တို့နှင့် လှသောပွဲတော်
ပျော်ဖွယ်မြင်ကွင်း သင်မြင်ရမည်။
အို သူငယ်ချင်း
လမ်းလယ်မှာ အားလျော့လို့
ပင်ပန်းနေလား၊
လက်ကိုလှမ်းလို့ ရေကိုကမ်းမည်
အားယူကာထလှည့်ပါလော့။
နောင်တစ်ချိန်ဟိုတစ်ခေတ်မှာလေ
တိမ်တွေလိုနေရောင်မှာ တောက်ရအောင်
သည်တောင်ကိုကျော်လို့
တို့ကိုယ်မှာတောင်ပံတွေတတ်ကြမယ်
(သူငယ်ချင်းရေ) မောပေမယ့်
(A လေးတွေရသွားအောင်) ရုန်းလိုက်ပါဦး။ ။
မောင်ပိုင်
Comment #1
so nice poem