သူငယ်ချင်းလေးသို့
မရည်ရွယ်ပဲ ဖြစ်သွားခဲ့တဲ့
့ပြသာနာလေး တစ်ခုကြောင့်
အခုလို စိမ်းသွားခဲ့တာလား သူငယ်ချင်းရယ်…
အချိန်တွေသာ နောက်ဆုတ်လို့ ရမယ်ဆိုရင်
နင်နဲ့ ငါနဲ့ အဆင်ပြေခဲ့တဲ့အချိန်လေးကို ပြန်သွားချင်တယ်…
မဖြစ်နိုင်တာကို သိလျှက်နဲ့
မျှော်နေမိတဲ့ ငါ့အဖြစ်က
တစ်ခါတစ်ခါ အရူးတစ်ယောက်လိုပဲ
နင် မသိပေမဲ့ ကွယ်ရာမှ 
ကျိတ်ဝမ်းနည်းခဲ့ရတဲ့
အချိန်တွေက မနည်းတော့ဘူး…
နင့်အတွက်ဆို ငါ ဘာမဆိုလုပ်ပေးခဲ့ပေမယ့်
ငါ့ရဲ့ စေတနာတွေကို နားမလည်တဲ့
နင့်ကို ဒေါသထွက်မိတယ်…
နောက်ဆုံးမှာ သိလိုက်ရတာက
ငါ့မဟုတ်တဲ့ တခြားတစ်ယောက် ရှိတယ်တဲ့…
သိသိချင်း ငါအရမ်းဝမ်းနည်းမိတယ်
ခုတော့လည်း နင့်ကို 
၁၅၀၀ မဟုတ်တဲ့ ၅၂၈ အချစ်နဲ့ပဲ
ဆက်ချစ်သွားတော့မယ် သူငယ်ချင်းလေးရယ်…
Comment #2
အခုလို့ အားပေးတဲ့အတွက် ကိုမင်းခန့်ကျော်ကို ကျေးဇူးတင်ပါတယ်…
                        By: maythi at Jun 7, 2011
                    Comment #3
အခုလို့ အားပေးတဲ့အတွက် ကိုမင်းခန့်ကျော်ကို ကျေးဇူးတင်ပါတယ်…
                        By: maythi at Jun 7, 2011
                    Comment #4
oh,,,
so sorry to know
                        By: ei lay at Feb 15, 2012
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
အရမ်းကောင်းတဲ့ စာသားလေးပါ