Professional Authors

ထပါတော့ သူငယ်ချင်း …ငါ့လက်ကို ဆွဲပါ

ထပါတော့ သူငယ်ချင်း … ငါ့လက်ကို ဆွဲပါ

 

တစ်ခါတစ်ရံတုန်းက…

လင်းလက်ခဲ့တဲ့ ဒီညကောင်းကင်ကြီးဟာ

မင်းထင်သလို အမြဲတမ်း မတောက်ပနိုင်ပါဘူး။

တစ်ခါတစ်ရံတုန်းက…

အောင်မြင်ခဲ့တဲ့ မင်းဘဝဟာလည်း

မင်းထင်သလို အမြဲတမ်း ကောင်းမနေပါဘူး။

ဘဝဆိုတာ…

ပြောင်းလဲမှုတွေရဲ့ ကြားမှ ခုန်ပျံကျော်လွှားရတဲ့

ကစားပွဲတစ်ခုပါ။

ဒါပေမယ့်…

လဲကျသွားတဲ့ ကစားသမားတိုင်းမှာ ပြန်ထဖို့

အခွင့်အရေးရှိတယ်ဆိုတာ မင်းသိပါတယ်

ကဲ… သူငယ်ချင်းရယ်…

မင်းရဲ့ ညှိုးနွမ်းနေတဲ့ အတိတ်ကို…

တောက်ပတော့မည့် အနာဂတ်နဲ့ အစားထိုးလိုက်ပါ။

မင်းရဲ့ နှိမ့်ကျနေသော စိတ်ဓာက်ကိုလည်း…

မခံချင်စိတ်ဖြင့် လဲပစ်လိုက်ပါ။

မင်းရဲ့ ပြန့်ကျဲနေသော အာရုံတွေကို…

စုစည်းပြီး မင်းရဲ့ ပန်းတိုင်းဆီကို လှမ်းပစ်လိုက်ပါ။

ကဲ… ထပါတော့  သူငယ်ချင်း… ငါ့လက်ကို ဆွဲပါ။

ငါတို့မှာ ဆွတ်ခူးရမည့် ကြယ်ပွင့်တွေ ရှိသေးတယ်။

In: ကဗျာ Posted By: Date: Apr 9, 2011
Comment #1

အားပေးသွားတယ်………ကဗျာကမိုက်တယ်

commentinfo By: maung nge at Apr 9, 2011
Comment #2

မင်းရဲ့ နှိမ့်ကျနေသော စိတ်ဓာက်ကိုလည်း…

မခံချင်စိတ်ဖြင့် လဲပစ်လိုက်ပါ။
စာသားတွေအရမ်းမိုက်တယ်.. အားပေးနေပါတယ်..

commentinfo By: ရွှေငါး at Apr 9, 2011
Comment #3

အားပေးတဲ့ခက်တစ်ဖက်ပေါ့……ကောင်းတယ်ဗျ……။

commentinfo By: tartie.4star at Apr 9, 2011
Comment #4

ကျေးဇူးပါဗျာ….
ကျေးဇူးပါ ….အားပေးတဲ့အတွက်ပေါ့ 🙂
မှားတာရှိရင်လဲ …ပြောပေးသွားကြပါ …
ကျွန်တော်က Beginner လေးပါ .. 😀

commentinfo By: KyawLay at Apr 9, 2011
Comment #5

ကဲ… ထပါတော့ သူငယ်ချင်း… ငါ့လက်ကို ဆွဲပါ။

ငါတို့မှာ ဆွတ်ခူးရမည့် ကြယ်ပွင့်တွေ ရှိသေးတယ်။

commentinfo By: အသဲကွဲမိုး at Aug 2, 2011
Comment #6

ကဗျာရဲ့ ခေါင်းစဉ်လေးမှာ ကို .. အဓိပ္ပါယ် အများကြီးနဲ့ ရှိနေပြီးသားပါလားး..

အားပေးသွားပါတယ်…

မင်းရဲ့ ပြန့်ကျဲနေသော အာရုံတွေကို…

စုစည်းပြီး မင်းရဲ့ ပန်းတိုင်းဆီကို လှမ်းပစ်လိုက်ပါ။

ကဲ… ထပါတော့ သူငယ်ချင်း… ငါ့လက်ကို ဆွဲပါ။

ငါတို့မှာ ဆွတ်ခူးရမည့် ကြယ်ပွင့်တွေ ရှိသေးတယ်။

commentinfo By: linnyonephyulay at Jul 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment