Professional Authors

ကကြီး ဖယောင်းတိုင် ထွန်းတယ်…။

 

ကကြီး ဖယောင်းတိုင်ထွန်းတယ်…။

 

 

 

 

 

                          

 

 

 

 

 

 

ခုကစလို့  ကျွန်တော် ကကြီး လိုင်းပေါ်မှာ  မန်းလေးက လို….. မုံရွာကလို……ရန်ကုန်ကလို…. အပြင်မှာကော  လိုင်းပေါ်မှာကော

 

ကကြီး လဲ  ဖယောင်းတိုင်းလိုက်ထွန်းပါတယ်..။ ဒါ သူများယောင်လို့ လိုက်ယောင်တာမဟုတ်ဘူး….။တကယ့်ဆန္ဒပါလို့ ကကြီး

 

ထွန်းတာ…။ လက်တွေ့လဲ ကကြီးထွန်းခဲ့တယ်….. ခုလဲ အွန်းလိုင်းပေါ်မှာ ကကြီးက စလို့ ထွန်းပါတယ်….။ ဒါကကြီးတို့ ရဲ့ရင်ထဲ

 

ကဆန္ဒကို တိတိလင်းလင်း ဖော်ပြပေးတာပါ….။ အပြင်က သူတွေနဲ့ ကကြီးဆန္နတစ်ထပ်တည်းပါပဲ….။ အားလုံးကို တကယ်လေးစားပါတယ်..။ မီးမလာလို့ တိုက်လှေကားအတက်အဆင်းမှာ  ချော်လဲပီး ဒုက္ခရောက်ရတာတွေ….ညအမှောင်ဆင်ခြေဖုံး

 

ရပ်ကွက်မှာ မီးမလာလို့ လမ်းသွားရင် မြွေကိုက်သေရတဲ့ သူတွေ…..  မီးအလင်းရဖို့ လောင်စာဆီထွန်းရင်းနဲ့ မီးဘေးခံစားရတဲ့ သူတွေ အစား ကကြီး မီးထွန်းတယ်….။ ဒါတွေ ဟာ ဒီလောက် နဲ့ ရပ်တန့်ပြစ်စေချင်ပါပြီ….။ ဒါကြောင့် ကကြီး မီးထွန်းပါသည်..။

 

အောက် က အမေကြီးလို အသက်ကြီးနေတဲ့သူတောင် ဒီလို စိတ်မျီုးနဲ့ အဲ့သည်လို စကားပြောရဲတာ…။ ဒီလို ကကြီး လိုင်းပေါ်မှာ

 

မီးစထွန်းလို့ ကကြီးကို ဖမ်းချင်သပ ဆိုလည်း…ဖမ်းပါတော့…… ကကြီးရဲရဲကြီးကို ၀င်ပါမယ.်….။

ဒါ  အမေအို နှုတ်ကပြောတဲ့စကားပါ…။

 

 
(ငါထောင်လည်း ကျဖူးတယ် .. အသက်တွေလည်း ကြီးနေပြီ ..

သေဖို့လည်းနီးနေပြီ ….

ခုလိုမှ ဆန္ဒမပြရင် … ဒီလူတွေ … ဘာကိုမှ ကူညီပေးမှာ မဟုတ်ဘူး …

ဒါကြောင့်မို့… ဘာပဲ ဖြစ်ဖြစ် .. ငါ ဆက်လုပ်သွားမယ် …)

အမေအိုရဲ့ စကားအပြီးမှာ … ရင်ထဲက မျက်ရည်စို့တယ် …

ဘာပဲဖြစ်နေနေ … ဘယ်သူ့ကိုမှ ကျွန်တော် မပုန်ကန်ချင်ဘူး …

ပြည်သူတွေရဲ့ ဆန္ဒကို သိပါစေ .. သိကြပါစေ …

ကျွန်တော် …

တိတ်တိတ်လေး ဆန္ဒပြုရင်း …………

 

 

(ဖေ့စ်ဘုတ်က ကူးယူဖော်ပြပေးခြင်းဖြစ်..)

 

(လိုင်းပေါ်က ပြည်ပရောက်နေတဲ့ သူငယ်ချင်းတွေလဲ ပြည်တွင်းက သူငယ်ချင်းတွေလို မထွန်းရလို့ စိတ်ဓါတ်မကျပါနဲ့ ခုကကြီးထွန်းထားတဲ့ဖယောင်းတိုင်ကို ကော်ပီ ပေးပီ မန့်မှာ ထွန်းလို့ရပါတယ် ဗျာ..။)

 

 

 

 

 

 

မြန်မာ့လျှပ်စစ်တိုးတက်မှုကို မျှော်လင့်တဲ့….. ကကြီး။

 

 

 

 


 

 

                          


In: ဆောင်းပါး Posted By: Date: May 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment