Professional Authors

သိပ်ထက်လွန်းတယ်

အမှတ်မထင် ဆုံတဲ့ ခဏ၊
မင်း အမူအယာ သိပ်ထက်လွန်းတယ်။

စခင်တဲ့ ည၊
မင်းအကြည့်တချက် သိပ်ထက်လွန်းတယ်။

ဘဝအကြောင်း ဖလှယ်ခဲ့ကြ၊
မင်းစိတ် သိပ်ထက်လွန်းတယ်။

အတွေး ပေါင်းစုံ တဲ့ည၊
မင်း ဒဿနတွေ သိပ်ထက်လွန်းတယ်။

အကျိုးအကြောင်းမဆုံ ညက၊
မင်း နှုတ်ရေး သိပ်ထက်လွန်းတယ်။

နောက်မဆုံခင် တနေ့က၊
ငါ့ အသဲ အရာမထင်ပဲ အစိပ်စိပ်ကွဲ ခဲ့တယ်။

In: ကဗျာ Posted By: Date: Jul 12, 2011
Comment #1

ကဗျာကိုကလဲ ထက်တယ် 🙂 အားပေးသွားပါတယ်ဗျာ

commentinfo By: နေသွေး at Jul 12, 2011
Comment #2

နောက်မဆုံခင် တနေ့က၊
ငါ့ အသဲ အရာမထင်ပဲ အစိပ်စိပ်ကွဲ ခဲ့တယ်။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 12, 2011
Comment #3

နောက်မဆုံခင် တနေ့က၊
ငါ့ အသဲ အရာမထင်ပဲ အစိပ်စိပ်ကွဲ ခဲ့တယ်။

commentinfo By: ချမ်းငြိမ်းအောင် at Jul 12, 2011
Comment #4

“””ချစ်သူရေ….
ရင်ခုန်သံနဲ့  တိုင်းခဲ့ တဲ့ နေ့ ရက်တွေက
ချစ်ခြင်းတွေ တပွေ့ တပိုက်နဲ့ 
တရွေ့ ရွေ့ ခရီးနှင်နေဆဲ
ပျော်ရွှင်ခြင်း…
ကြင်နာခြင်း…
တမ်းတခြင်း…
လွမ်းရခြင်း…တွေ ဖြတ်ခဲ့ တာ….
မျှော်လင့်ခြင်းခရီးအဆုံး အတွက်တော့
ငါတို့ လက်ဖ၀ါးတွေ မြဲဖို့ တော့ လိုမယ်…
အရာရာကို နားလည်မှုတွေနဲ့ တည်ဆောက်ခဲ့ တာ
ပျော်ရွှင်ခြင်းနေ့ ရက်တွေက
မဝေးတဲ့ နေ့ ရက်တွေ မှာစောင့်ကြိုနေလေရဲ့ ….၊၊၊၊ :):(:)

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011
Comment #5

ကဗျာက နာမည်နဲ့လိုက်အောင်ကို သိပ်ထက်ပါတယ် ။

commentinfo By: X - ray at Jan 13, 2012
Comment #6

ကြောက်စရာကောင်းအောင်ကို ထက်တာပဲ

commentinfo By: Nothing Special at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment