Professional Authors

ဖယောင်းတိုင်

မျှော်လင့်ချက်မရှိ
အသက်မရှိလည်း
ခဏတာ လေး
မဟူရာကိုဖောက်ခွင်း
ကိုယ့်ကိုကိုယ်လောင်မြိုက်လျှက်ပေါ့
လိုချင်ခြင်းကင်းစွာဖြင့်
ကိုယ့်ကိုကိုယ် အရည်ပြန်ဖျော်
ပလပ်မရှိပါဘူး
လမင်းလည်းသာစရာမလို
နေမင်းလောက်လည်း
မပူလောင်ဘူးလေ
ဘ၀တစ်စိတ်တပိုင်း
လိုအပ်တဲ့အချိန်မှာ
ရှိနေပေးပါရစေ
သင့်အတွက်
သင့်မိသားစုအတွက်လေ
သင်တို့ရဲ့ ညစာ
သင်တို့ရဲ့ ကျောင်းစာ
သင်တို့ ရဲ့ မိသားစုစကားဝိုင်း
သင်တို့ ရဲ့ လုပ်ငန်းတပိုင်းတစ
ကျွန်တော် ခွန်အားနဲ့ ဖြည့်စွမ်းပေးပါရစေ
ဘုရားကို ပူဇော်
လမ်းတွေ ကို မြင်စေဖို့
ကျွန်တော်လေ ကူညီပါရစေ
အခုအချိန်မှာ ကျွန်တော်ကို
မြို့တွေက လူတွေမလိုကြတော့ပေမယ့်
တောရွာတွေက တော့
ကျွန်တော် ကို ဆက်လက်အသုံးပြုနေကြတုန်းပဲလေ………………။

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

🙂

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment