Professional Authors

နံပါတ်ဝမ်း

ပုံမှန်အတိုင်းပဲလို့
ကျွန်တော်ထင်ခဲ့တယ်
ရုတ်တရက် ပဲ
ကျွန်တော်နားထဲ ဆူညံမှုတွေ
ရုတ်တရက် ပျောက်ကုန်တယ်
မဟုတ်ဘူး တကယ် ကို
တိတ်ဆိတ်လွန်းပါတယ်
ခဏ တာဖြစ်ပေါ် လာတဲ့
ကြည်နှုးမှု ဟာ
တဘ၀လုံး ပျော်ခဲ့တယ်
အတိုင်းအတာတွေ တောင်မယှဉ်နိုင်ခဲ့ဘူးလေ……
ကျွန်တော်ရောကျွန်တော် သူငယ်ချင်းတွေပါ
အဟောင်းသား ဖြစ်ကုန်တယ်
ပါးစပ်တွေပြောပါတယ်
သူမ က လှတာလားချောတာလား
ချစ်ဖို့ကောင်းတာလား ဆွဲဆောင်မှု ရှိတာလား

ဘာမှန်းကိုမသိဘူး

မြန်မာအဘိဓါန်ထဲ မှာ

ရှာသေးတယ်

မတွေ့ခဲ့ ဘူး
သူမ ရဲ့ ချစ်ဖို့ကောင်း မှုကို
ဘာနဲ့နိုင်းရမှန်းတောင်မသိဘူး
လေပြေတွေ တိုက်တိုင်း
သူမရဲ့ ဆံနွယ် လေး တွေ လွင့်နေလေရဲ့
ကျွန်တော်တို့ ရဲ့ အသည်းနှလုံးကတော့
ဆံနွယ်စလေးတွေ မှာ တွဲလည်းခိုနေသလား
အောက်မေ့ရတယ်
ဆံနွယ်လေးတွေလွင့်သွားတိုင်း
ကျွန်တော်တို့ ပါ လွင့်သွားသလို ခံစားလိုက်ရပါတယ်
သူမရဲ့အပြုံးလေးတွေ
သူမ ရဲ့ သွားလာလှုပ်ရှားပုံတွေ
အားလုံးက မျက်စိထဲ က ကို
မထွက်ဘူးဗျာ
တချို့ဆို ကားတောင် တိုက်ခံရတော့မလို့
သေချာတာက တော့
သူမ က ဘယ် လို ချောလို့ ချောမှန်းမသိတာ
ဒါပေမဲ့ဘာပဲ ဖြစ်ဖြစ် ကျွန်တော် လဲ
လူပျိုပဲ ကြိုးစားရမှာ ပေါ့
ဥမ္မာဒန္တီ လက်သစ်ပေါ့ဗျာ
သူရယ်လို့  ရူးမယ်ဆို
အရူးထောင်ဆံမယ်မထင်ဘူး
ကျွန်တော် ဆို သွက်သွက်ကို ခါမှာ
ဘယ်လိုပဲ ရူးရူး ဘယ်လိုပဲ မူးမူး
သူကိုတော့ပြောဖြစ်အောင်ကို
ပြောရမယ်
မနက်ဖြန်လဲ သူရည်းစားစာတွေ ကိုသိမ်းဖို့
အမှိုက်ကား ရောက်လာလိမ်အုံးမှာပဲ
အဲ့ဒီတော့ ဖွင့်ပဲ ပြောတော့မယ်
မနက်မိုးလင်းတာနဲ့ ရည်းစားစကားပြောမဲ့လူတွေ
ရောက်နေတော့မှာ
ညကတည်း ကသွားစောင့်မယ်
ခင်ဗျားတို့လည်း လိုက် ချင် ရင်
ရတယ်
ဘာပဲဖြစ်ဖြစ် ကျွန်တော် ကနံပါတ် ၀မ်းပဲ…..။
မလုကြပါနဲ့ဗျ……။

In: ကဗျာ Posted By: Date: Dec 24, 2010
Comment #1

ha,,ha,,.
mike hma mike pe kwar.
so much preety?
so much cute?
i m also interested in her that plz let me know where i can meet her.
he,,he,,

really nice poem.
i m also selfish n greedy like u,
i always want to b no.1 of all.
if i won’t get no.1,i never,,,,,,,

commentinfo By: ei lay at Aug 9, 2011
Comment #2

he,,he,,
nout 1 khar phat kwint pyu par naw,,

commentinfo By: ei lay at Jan 31, 2012
Comment #3

😉
Whenever I read,I feel pleased.

commentinfo By: ei lay at Nov 25, 2012
Comment #4

Ever make me smile

commentinfo By: ei lay at Mar 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment