Professional Authors

“နားထောင်းခြင်းအနုပညာ“

 

မာပူတို၊ မိုဇမ်းဘဇ် (Maputo, Mozambique)

 

အာဖရိကကိုလာရသည့်  ရည်ရွယ်ရင်းမှာ တစ်ခုပဲရှိသည်။ အတ္တဗဟိုပြု ဥရောပလူ့ အဖွဲ့အစည်း နှင့်ကင်းလွတ်မည့် အခြားကမ္ဘာတစ်ခုကိုရူစားလို  ၍ဖြစ်သည်။ ကျွန်တော့်  အနေဖြင့် အာရှဖြစ်ဖြစ်၊ တောင်အမေရိကဖြစ်ဖြစ် သွားလိုကသွားနိုင်သော်လည်း အာဖရိကကိုမှ ရွေးချယ်လိုက်ရခြင်းသည် အာဖရိကသို့ သွားမည့်  လေယဉ်စရိတ် (လက်မှတ်)မှာဈေးအလွန်ချို၍ဖြစ်သည်။

 

သို့နှင့် ကျွန်တော်မှာ မိုဇမ်းဘဇ်တွင် သွားလိုက်ပြန်လိုက်နှင့် ၂၅နှစ်နီးပါး ကြာခဲ့ သည်။အချိန်သည်ကုန်လွန်တာမြန်လွန်းလှမည်ထင်သည်။ကျွန်တော် မငယ် တော့ပြီ။ဇရာပင် အတော်ညောင်းလာခဲ့ပါပြီ။သို့ပေသည့်တိုင် ကျွန်တော့်၏ မချိတင်ကဲ ဖြစ်နေသည့်စိတ်အရင်းခံကိုမူ ရှင်းလင်းနာလည်အော်တော့လုပ်ရပါလိမ့်မည်။ အာဖရိကကသဲမြေနှင့် ကျွန်တော်မွေဖွားကြီးပြင်းရာ နော်လန်မြို့၏ ကြေကွဲဖွယ် ဒေသလေး၏ နှင်းမြေပေါ်ရှိ  မချိတင်ကဲစိတ်ဖြစ်သည်။ နော်လန်မြို့သည် ဆွီဒင်နိုင်ငံ၏မြို့လေးတစ်မြို့ဖြစ်ပါသည်။

အာဖရိကတွင် နေထိုင်စဉ်အတွင်းသင်ယူခဲ့သည်များကို အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး ရှင်းပြရပါလျင်  နားနှစ်ဖက်နှင့် လျှာတစ်ချောင်း သာရှိ သောလူသားနှင့်ပတ်သက်၍ သမ္မာကျမ်းလာ    ပုံဝတ္ထုများမှစရမည်ဖြစ်သည် ။အဘယ်သို့လူသားတွင် နားနှစ်ဖက်နှင့်လျှာတစ် ချောင်းသာရှိ ရပါသနည်း။ထိုကြောင့်ပင်ဖြစ်မည်ထင်သည်။ ကျွန်တော့်တို့ပြောသမျှ စကားများကို  နားနှစ်ဖက်မှ နားထောင်မူ နှစ်ကြိမ်လုပ်ရပါ သည်။

 

အာဖရိကတွင် နားထောင်းမူပြုခြင်းသည် ဘဝနေနည်းလမ်းညွှန်ချက်တစ်ရပ် ဖြစ်ပါသည်။ထိုအချက်က အနောက်တိုင်းသားလောကတွင် အမြဲလိုလိုပျောက်ဆုံး နေသောအချက်ဖြစ်သည်။အနောက်တိုင်းသားများက တစ်ဖက်သူ၏စကားကိုနား ထောင်ချင်ပုံမရှိသည့်အပြင် အချိန်တောင်ပေးနိုင်ပုံ မရပေ။ လွန်ခဲ့သည့်ငါးနှစ် လောက်ကဖြစ်ပါသည။် ကျွန်တော်တီဗွီအင်တာဗျူးများကို ဖြေကြား ရာတွင် ခပ်မြန်မြန်ဖြေမည့်သည်မှာ ဆယ်ကြိမ်ထက်မကရှိသည်။ ကျွန်တော်တို့တွင်နား ထောင်နိုင်စွမ်းရည်လုံးလုံးပျောက်ဆုံးနေသလိုဖြစ်နေပုံရသည်။ ကျွန်တော်တို့ စကား တွေကိုရွှန်းရွှန်းဝေအောင်တော့ပြောတတ်ကြပါသည်။သို့သော် တိတ်စိတ်ကြေကွဲစွာနှင့် ပင်စကားဝိုင်းများကို အဆုံး သတ်သွားသည်ကများပါသည်။

 

တောင်အမေရိကစာပေတွင် အများလက်ခံသောစာပေပုံစံသစ်တစ်ရပ် ထွက်ပေါ်လာ သည် ကိုအမှတ်ရနေပါသေးသည်။ ထိုစာပေပုံစံသစ်က လူသား၏အဓိပ္ပယ်နှင့်ပကတိအ ခြေအနေ  အပေါ်ရူ့မြင်ပုံများကို လုံးလုံးလျားလျားပြောင်းလဲစေခဲ့သည်။ ခုတစ်ခေါက်သည် အာဖရိကအလှည့်ဖြစ်မည်ဟုထင်ပါသည်။

အာဖရိကတိုက်ရှိလူများသည် အကြောင်းအရာများကို စာဖြင့်တစ်ဖုံ၊ပါးစပ်ဖြင့်တစ်မျိုး ဖော်ပြလေ့ရှိပါသည်။သိပ်မဝေးတော့သောအနာဂတ်တွင် အာဖရိကစာပေသည် ကမ္ဘာ့မျက်နှာစာတွင် ထွက်ပေါ်လာချေရှိပါသည်။ ထိုအဖြစ်က မကြားသေးခင်နှစ်များ အတွင်း ဂါဘရီယယ်ဂါစီရာ မားကွက်(စ်)နှင့်သူ့၏ခေတ်ပြိုင်လူတစ်စုတို့လုပ်ဆောင် ခဲ့ကြသည့် စိတ်လူပ်ရှားမူနှင့်သက်ဆိုင်သော တော်လှန်ရေးတစ်ရပ်ဖြစ်ပါသည်။ထိုတော် လှန်ရေးက ခြေဖျက်ရ ခက်သည့် အစဉ်အလာအယူအဆများကိုတွန်း လှန်ကြခြင်းဖြစ်  သည်။အာဖရိကစာပေ၏ ဖော်ထုတ်ချက်များက လူသား၏ပကတိအခြေအနေကို ချည်းကပ်ထားသောအမြင်မျိုးဖြစ်သည်။ ဥပမာပြရလျင် မိုဇမ်ဘစ်စာရေးဆရာ မီရာကိုတို(Mia Couto)ဖြစ်သည်။သူက ပါးစပ်ပြောအစဉ်အလာများ နှင့်ဖော်ကျူး ထားသော အရေးဘာသာစကားနှင့် ရောစက် ထားသည့် အာဖရိကဂမ္ဘီရသရုပ်မှန်  (Magic Realism)ကို ဖန်းတီးသူဖြစ်သည်။

 

အကယ်၍ကျွန်တော်တို့သည် နားထောင်ခြင်းအမူကိုပြုနိုင်ပါလျှင် ကျင့်သား ရနေပြီး ဖြစ်သောစာပေပုံစံများနှင့် တမူကွဲပြားသည့် အာဖရိက၏စာကားပြောစာပေပာန်ကို  တွေ့ရှိနိုင်မည်ဖြစ်သည်။သိပ်ပြီးအမွန်းတင်လွန်းရာကျနေမည်လားတော့မသိပါ။ မည်သို့ပင်ဆိုစေ ကျွန်တော်ပြောနေသည်များသည် အများသိနှင့်ပြီးဖြစ်သောအမှန်တ ရားဖြစ် သည်ကတော့သေချာပါသည်။ အနောက်စာပေက ပုံမှန်အားဖြင့် တစ်သမှတ် ထဲ(linear) သဘောဆောင်ပါသည်။ အရှေ့နောက်ညီညွတ်မူပုံစံ  ဖြင့်သွားသည်။

အာဖရိကမှာထိုသို့မဟုတ်ပေ။ လိုင်နာ(linear)သဘောထက် နွန်လိုင်နာ(non-linear) သဘောက ကဲပါ သည်။ ရှေ့နောက်ညီညွတ်မူထက် လွတ်လွတ်လပ်လပ်တက်တက် ကြွကြွနှင့် စကား ပြောပုံစံဖြစ်သည်။ အတိတ်နှင့်ပစ္စုပွှန်ကိုရောနှော၍ဖော်ပြသည်။  ဥပမာပြရလျှင် လူနှစ်ယောက်စကားပြောခန်းတွင်   သေဆုံးသွားသူ  မိတ်ဆွေတစ် ယောက်အ ကြောင်းကိုမဆီမဆိုင်ထည့်သွင်းပြောကြားခြင်းမျိုးဖြစ်သည်။

 

ခါလာဟာလီသဲဂန္တာရတွင်ကျင်လည်ကျက်စားနေကြသူများ၏တစ်နေ့တာပုံပြော ဇတ်လမ်းများနှင့်တူပါသည်။သူတို့က တစ်နေ့တာ အမဲလိုက်၊သစ်မြစ်သစ်ဥများရှာဖွေ ရာမှ အိမ်ပြန်ရောက်လျှင် သူတို့၏တစ်နေ့တာကြုံတွေ့ခဲ့သော မမောနိုင်မပန်းနိုင်သည့် အတွေ့ကြုံ များကို မိသားစုဝင်များထံ ပြန်လည်ပြောပြပုံမျိုးဖြစ်သည်။တစ်ခါတစ်ရံ ပုံဝတ္ထုတစ်ပုဒ်မက တစ်ချိန်တည်း ပြောလေ့ရှိသည်။ တစ်ခါတစ်ရံ အကြောင်းလုံးလုံးမျှ သက်ဆိုင် မူမရှိသော ပုံဝတ္ထုသုံးလေးပုဒ်ကို တစ်ထိုင်တည်းပြောလေ့ရှိသည်။သို့သော် ညဆုံနေကြ နေရာသို့သွားတော့မည်ဆိုလျင် ဇတ်လမ်းဇတ်ကွက်ကောင်းအောင် ဖြုတ်နူတ်သင့်သည်များကိုဖြုတ်နူတ်၍ ပေါင်းလို့ရသည်  များကို ပေါင်းကာကိုယ်ပိုင်ဇတ် လမ်းများနှင့်ဇတ်သိမ်းလေ့ရှိပါသည်။

 

 ကျွန်တော် မိုဇမ်ဘဇ်တွင်အနုပညာအတိုင်ပင်ခံတစ်ယောက် အနေဖြင့်အလုပ်လုပ်ခဲ့ ပါသည်။ထိုနှစ်များအတွင်း၊ မာပူတိုမြို့ Teatro Avenida အပြင်ဘက် ကျောက်ခုံတန်း ရား တစ်ခု တွင်တစ်နေ့ကျွန်တော်ထိုင်နေခဲ့ပါသည်။ ထိုနေ့က နေခြစ်ခြစ်တောက်ပူ သည်။ ကျွန်တော်တို့ ရီဟာဆယ်လုပ်ရာမှ ခဏအနားယူခြင်းဖြစ် သည်။ထိုကြောင့် ကျွန်တော့် တို့ လေကောင်းလေသန့်ရရန်အပြင်သို့ထွက်ခဲ့ကြပါသည်။ ခန်းမအတွင်း တပ်ဆင်ထား သောအဲယားကွန်းက ပျက်ဆီနေသည်မှာကြာ လှပြီဖြစ်သော ကြောင့်ဖြစ်သည်။ ကျွန်တော့်တို့ အလုပ်လုပ်နေနေစဉ်တွင် အပူချိန်မှာဒီဂရီ၁၀၀ ကျော် ပါသည်။

အသက်ကြီးပိုင်း အာဖရီကန်အဖိုးအို နှစ်ယောက်ကလည်း ထိုခုံတန်းလျားတွင်ထိုင်နေပါ သည်။ သို့သော် ကျွန်တော်အတွက် အခန်းတစ်ခန်းရှိသည်။ အာဖရိကလူမျိုးများသည် ညီကို မောင်နှမရင်းချာများပုံစံဖြင့် အရာရာကို ခွဲဝေသုံးစွဲကြပါသည်။ အရိပ်တစ်ခု အောက်တွင် နားနေသောအခါမျိုးတွင်ပင် ရက်ရက်ရောရောနေရာပေးလေ့ရှိသည်။

 

ထိုအသက်ကြီးပိုင်းနှစ်ယောက်က မကြာသေးခင်ကမှဆုံးသွားသည့် တတိယပုဂ္ဂိုလ်အ ကြောင်းပြောနေတာကိုကြားမိသည်။ သူတို့ထဲက တစ်ယောက်မှ သေဆုံးသူပုဂ္ဂိုလ် အိမ်ကိုသွားရောက်လည်ပတ်ခဲ့သည်ဟုဆိုပါသည်။ သူက ကျွန်တော့်ကို သူငယ်ငယ် တုန်းက  ကြုံတွေခဲ့ရသည့် ထူးထူးဆန်ဆန်းအဖြစ်ပျက်လေးတစ်ခုကိုပြန်လည်ဖောက် သည်ချပါ သည်။ ဇတ်လမ်းကရှည်လွန်းနေ၍ အစကမဖြတ်နိုင်အောင်ရှိနေပါသည်။ ညဉ့်ကလည်း တဖြည်းဖြည်းနက်လာနေသောကြောင့် နောက်နေ့မှဆက် ရန်ဆုံးဖြတ်ပြီး အိမ်သို့ပြန် ခဲ့ကြသည်။သို့သော် ကျွန်တော် အိမ်ပြန်ရောက်တော့် သူသေဆုံးသွား သည် ဆိုသောသတင်းကိုကြားရသည်။

ထိုလူတိတ်ဆိတ်သွားပါသည်။အခြားတစ်ယောက်က သူကြားမိသမျှကို ပြန်လည်ပြောပြ သည်အထိ ခုံတန်းရားမှမထွက်ခွာရန်ဆုံးဖြတ်လိုက်သည်။ အရေးပါသောဇတ်ပိုင်းသို့ ရောက်လာသည်ကိုတော့ ကျွန်တော့်မသိစိတ်ကအလိုလိုသိနေပါသည်။

 

နောက်ဆုံးတော့  သူစပြောပါသည်။

 

ခုလိုမျိုးသေတာတော့  မကောင်းဘူးဗျာ။ ဇတ်လမ်းအဆုံးသတ်မရောက်လိုက်ပါ။

 

ကျွန်တော်တို့လူသားများကို အခြားအဟိတ်တိရိစ္ဆာန်တွေနှင့် ခွဲခြားလိုက်သည့်အရာမှာ ကျွန်တော်တို့လူသားများသည် အခြားသူများ၏ အိပ်မက်များ၊ စိုးရိမ်းသောကများ၊ ပျော်ရွှင်မူများ ဝမ်းနည်းမူများ၊စိတ်ဆန္ဒများနှင့် ကျရူံးမူ၊အောင်မြင်မူများကိုနားထောင် ပေးနိုင်စွမ်းပင်ဖြစ်သည်။

 

လူအများစုသည် အသိပညာနှင့် အချက်အလက်များကိုရောထွေးပြီးမှားယွင်းတတ်ကြပါ သည်။ အမှားလုပ်ပုံခြင်းတော့မတူကြပေ။အသိသညာက အချက်အလက်များကို ဖွင့်ဆိုခြင်းဖြစ်သည်။နားထောင်မူပါသည် ။

 

ဒီတော့ကျွန်တော့်တို့လူသားများဟာ ပုံပြောတတ်တဲ့သတ္တဝါများလို့ ကျွန်တော်ပြောခဲ့တာ မမှားဘူဆိုရင် ခဏာတာဖြစ်ဖြစ်ကျွန်တော့်တို့ ကိုယ့်ကိုယ်ကို တိတ်ဆိတ်ငြိမ်သက်ခွင့်ပေး ကြည့်လိုက်ပါ။သေချာပါသည်။ ကျွန်တော်တို့ ဘယ်သောအခါမှအဆုံးသတ်မသွား မည့်ပုံပြောမူမျိုးနှင့် တွေ့ရမှာ မလွှဲအေကန်ပါ။

စကားလုံးတွေကို လေထဲမှာ သဲထဲမှာရေးသားနိုင်ပါသည်။ ဒါမှအားမရသေးဘူးဆိုရင်  လည်း နားလည်ရခက်သည့် ဒီဂျစ်တယ်သေတ္တာထဲမှာ အဆုံးသတ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော့်တို့ နောက်ဆုံးလူသားက နားထောင်မူအမူကိုရပ်လိုက် ထိအချိန်ထိ စကားပြောပုံပြင်ကရှိနေအုံးမည်မှာသေချာပါသည်။ နောက်တော့ ကျွန်တော့်တို့လူသားဟာ အဆုံးအစမရှိအောင် ကျယ်ပြောလှသည့် စကြာဝဋာကြီးထဲမှာ မဟာလူသားသမိုင်းကို ပစ်လွှတ်နိုင်ကြပါလိမ့်မည်။

ဘယ်သူသိမလဲ။ဘယ်သူပြောနိုင်မလဲ။ တစ်ယောက်ယောက်တော့ဖြင့်ရောက်ချင် ရောက်သွားနိုင်တာပဲ။ တစ်ယောက်ယောက်တော့ဖြင့် နားထောင်မူအမူကိုပြုချင်ရှာမှာ ပဲ။

 

စာညွှန်း ။  ။ The Art of Listening by By HENNING MANKELL

 

ဟန်းနစ်မန်ကယ်သည် the Wallander ဝတ္ထုများအပါအဝင် ဝတ္ထုပေါင်းမြောက်များစွာကို ရေးသားခဲ့သူဖြစ်သည်။ ခုစာစုသညှ်ဆွိဒစ်စာရေးစရာ တူးနား နူနာလီ Tiina Nunnally ၏ နားထောင်းခြင်းအနုပညာ( Art of Listening)ကိုပြန်ဆိုထားခြင်းဖြစ်သည်။

 

 

 

of Listening)ကိုပြန်ဆိုထားခြင်းဖြစ်သည်။

 

In: ဆောင်းပါး Posted By: Date: Dec 18, 2011
Comment #1

ဆောင်းပါးတွေ များများမဖတ်ဖူးပေမဲ့ ကြိုက်တဲ့ဆောင်းပါးထဲမှာ ဒီဆောင်းပါးလဲ ပါသွားပြီ။

commentinfo By: lit.thorn at Jan 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment