Professional Authors

ကဗျာရေးခြင်းအနုပညာ ( နေမျိုး)

ငါတို့အားလုံး နာမကျန်းဖြစ်နေကြ
တစ်ဦးကိုတစ်ဦး ဆေးဝါးအဖြစ်မှီဝဲကြ
စကားတိုးတိုးပြောကြ
အခန်းကျဉ်းလေးထဲမှာ
ငါတို့ပါရမီတွေ ထွန်းညှိကြ
သိချင်ယောင်ဆောင်ရတာထက်
မသိချင်ယောင်ဆောင်ရတာ ပိုပြီးခံစားကြရ
ငါတို့သာ ကဗျာဆရာမဖြစ်ခဲ့ရင်
နှောင်းလူတွေက
မြို့ကြီးတွေကို အပြစ်တင်ကြလိမ့်
 နေမျိုး
၆၊ ၇ ၊ ၁၉၉၉
ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ

credit: ခေတ်ကျန်ကဗျာများ 

Leave Comments

Name*

Email*
Website
Email me whenever there is new comment