Professional Authors

သူမအတွက် ကျွန်တော်

သူမသည် …. အရောင်ရှိသည် … သို့ သော် အရောင်မပြောင်းတတ် …
သူမတွင် …. ၀င်းလဲ့သော … မျက်ဝန်းတစ်စုံရှိသည် .. သို့ သော် အတုမဟုတ် …
သူမတွင် …. ချိုမြသော … နှုတ်ခမ်းတစ်စုံရှိသည် … သို့ သော် ပြုံးမနေတတ်ခဲ့ …

သူမတွင် .. ဒဏ်ရာတစ်ချို့ ရှိသည် …
သူမတွင် … သံသယတစ်ချို့ ရှိသည် ….
သူမတွင် ….. ပျက်စီးခဲ့သော အိပ်မက်တစ်ချို့ ရှိသည် ……..

သူမ၏ အရောင်မပြောင်းမှုကို ကျွန်တော်ပိုင်ဆိုင်သည် …
သူမ၏ မျက်ဝန်းတစ်စုံကို ကျွန်တော်မြတ်နိုးသည် ….
သူမ၏ အပြုံးတစ်ပွင့်ကို ကျွန်တော်မြင်ခွင့်ရခဲ့သည် …..

သူမ၏ ဒဏ်ရာတစ်ချို့ အတွက် .. ကျွန်တော် … နားလည်ပေးမည် …
သူမ၏ သံသယတစ်ချို့ အတွက် … ကျွန်တော် … အလင်းပြပေးမည် …
သူမ၏ ပျက်စီးနေသောအိပ်မက်တွေကို … ကျွန်တော် တစ်စစီကောက်ပီး …. အတူတူတည်ဆောက်ကြမည် …..

မည်သို့ ပင်ဖြစ်စေ …. အရာရာကို အတူတူပုံဖော်ခွင့်ပေးခဲ့သော သူမကို ကျွန်တော်မြတ်နိုးသည် ..
ဘယ်လိုအကြောင်းဖြင့်ပင်ဖြစ်ပါစေ … သူမကို ကျွန်တော်ချစ်သည် …..

In: ကဗျာ Posted By: Date: Nov 24, 2011
Comment #1

….
အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Nov 24, 2011
Comment #2

ဟုတ် .. ကဗျာ အနေနဲ့ ရေးလိုက်တာမဟုတ်ပါဘူး .. ရင်ထဲမှာဖြစ်နေတဲ့ ခံစားချက်ကို ပုံဖော်ကြည့်လိုက်တာပါ… အားပေးမှုအတွက်ကျေးဇူးအထူးတင်ပါတယ်နော် ….

commentinfo By: eTerNITY at Nov 24, 2011
Comment #3

wow,,so nice.
so much cute.
really really perfect.
u r so simple,kind,understand,sympthatic,good-natured person.
good luck to u.

commentinfo By: ei lay at Nov 24, 2011
Comment #4

Thank you so much ….. 🙂

commentinfo By: eTerNITY at Nov 24, 2011
Comment #5

ur gf is so lucky to have a great guy like u .. good luck 🙂

commentinfo By: rabbit at Nov 24, 2011
Comment #6

ကောင်းတယ်ဗျာ

commentinfo By: Villge chat kyi at Nov 24, 2011
Comment #7

မည်သို့ ပင်ဖြစ်စေ …. အရာရာကို အတူတူပုံဖော်ခွင့်ပေးခဲ့သော သူမကို ကျွန်တော်မြတ်နိုးသည် ..
ဘယ်လိုအကြောင်းဖြင့်ပင်ဖြစ်ပါစေ … သူမကို ကျွန်တော်ချစ်သည် …မှန်တာပေါ့…..ဒါမျိုးပဲဖြစ်သင့်ပါတယ်…
ခံစားချက်တိုက်ဆိုင်တယ်ဗျာ..လေးစားလျှက်

commentinfo By: sharon myorr myor at Nov 24, 2011
Comment #8

ကျွန်တော့်ခံစားချက်ကို အသိအမှတ်ပြုပေးကြတဲ့ သူတွေအားလုံးကို အရမ်းကိုကျေးဇူးတင်ပါတယ် … အဲလောက်အသိမှတ်ပြုခံရမယ်လို့ မမျှော်လင့်ထားခဲ့လို့ ပါ …
ကျေးဇူးတင်ပါတယ်နော် …

commentinfo By: eTerNITY at Nov 25, 2011
Comment #9

သူမ၏ ဒဏ်ရာတစ်ချို့ အတွက် .. ကျွန်တော် … နားလည်ပေးမည် …
သူမ၏ သံသယတစ်ချို့ အတွက် … ကျွန်တော် … အလင်းပြပေးမည် …
သူမ၏ ပျက်စီးနေသောအိပ်မက်တွေကို … ကျွန်တော် တစ်စစီကောက်ပီး …. အတူတူတည်ဆောက်ကြမည် …..
အဲ့ဒီသူမကတော်တော်ကံကောင်းတာပဲ…အားပေးသွားပါတယ်

commentinfo By: ဆည်းဆာ at Nov 25, 2011
Comment #10

ကောင်းတယ်ဗျ..။ကောင်မလေးကတော်တော်ချစ်ဖို့ကောင်းမှာပဲ
နောက်ပြီး…အကို့ကိုလည်း တော်2ချစ်မှာပဲ အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 25, 2011
Comment #11

hote de

commentinfo By: ei lay at Nov 26, 2011
Comment #12

ခံစားချက်ပုံဖော်ထားတာက တကယ်ရိုးရိုးလေးဗျ
ကောင်းတယ်
အားပေးသွားကြောင်းပါ ~~

commentinfo By: X - ray at Nov 29, 2011
Comment #13

ကျွန်တော်ပြန်ဝေမျှချင်ပါတယ် ကဗျာရေးသူနာမည်ဘယ်လိုတပ်ရမလဲမသိဘူးခင်ဗျ

commentinfo By:ုkyawthuaung at Feb 20, 2012
Comment #14

ကောင် မ လေး က ကံ ကောင်း လိုက် တာ … အား ကျ တယ် …

commentinfo By: Nge Lay at Feb 20, 2012
Comment #15

ဟုတ်ကဲ့ … ကျေးဇူးထပ်ကာတင်ရပါတယ် …
ကဗျာလေးကနည်းနည်းကြာသွားပြီမို့  … Comments တွေတက်လာ လိမ့်အုံးမယ်လို့ မမျှော်လင့်ထားခဲ့တော့ … ၀မ်းသာမိပါတယ် …
အဲဒီကဗျာ လေးကို ရေးတုန်းက သူ့ အပေါ်ကျွန်တော်တကယ်ကို အဲလိုခံစားချက်မျိုးနဲ့ အနားမှနေပေးခဲ့တာပါ ….

ကျွန်တော့်ခံစားချက်ကို အားလုံး သိရှိနိုင်လို့ အမှန်ကိုပျော်မိကြောင်းပါ…
အခုထိလည်း ဒီကဗျာလေးအတိုင်းကျွန်တော်သူနဲ့ ရှိနေခဲ့တယ်လေ ….
ဒီကဗျာလေးအတိုင်းလုပ်နိုင်အောင်အားပေးခဲ့ကြတဲ့ Comment ပေးသူတွေ အားလုံးကိုကျေးဇူးပါ ….

ပြန်လည် Share နိုင်ပါတယ်ခင်ဗျာ …..
ကျွန်တော့်ကောင်မလေးအတွက်ရည်ရွယ်ရေးထားတာဆိုတော့ …
Credit ကို WYMM လို့ ပေးရင်ရပါပီခင်ဗျာ …
ကျေးဇူးတင်ပါတယ် …..

commentinfo By: eTerNITY at Feb 20, 2012
Comment #16

really really like both title & poem,
🙂

commentinfo By: ei lay at Jun 15, 2012
Comment #17

be hna khar hman ko ti dot bu

commentinfo By: ei lay at Jul 21, 2012
Comment #18

I wish I had,
😛

commentinfo By: ei lay at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment