Professional Authors

ဟိုလူကြီး ရဲ့  မခင်နှင်းဆီ

မခင်နှင်းဆီ သည် ကျွန်တော်၏ ဘေးတွင် ရှိခဲ့ ဘူးသည်

မခင်နှင်းဆီ ဘေးတွင် ကျွန်တော် ရှိခဲ့ ဘူးသည်

ကျွန်တော် ကော မခင်နှင်းဆီ ပါ အတိတ်တွင် အတူ ရှိခဲ့ ဘူးသည်။

ထိုအတိတ် တွင် မိုးများလည်း ရွှာသွန်းခဲ့ဘူးသည်…

ကျွန်တော် ဆောင်းပေးခဲ့သော ထီး ရိပ်အောက်တွင်

ထိုမိုးစက်များ မခင်နှင်းဆီ ကိုယ်ပေါ်တွင် စိုစွတ်ခဲ့ဘူးသည်…

ထိုပုံရိပ်များသည် ကျွန်တော် လှပသော ပန်းချီကား တစ်ချပ်ဖြစ်ခဲ့သည်

ထိုပုံရိပ်များကို ကြည့်ရင်း ကျွန်တော် ရော မခင်နှင်းဆီပါ

အိမ်ပြန်ချိန်တွေ နောက်ကျခဲ့ ဘူးသည်

မခင်နှင်းဆီသည် ကျွန်တော် ဆံပင်ရှည်တာကို ကြိုက်နှစ်သက်ပုံမရသော်လည်

မခင်နှင်းဆီ ဆံပင် အရှည်ထားရန် ကျွန်တော် မကြာခဏ တိုက်တွန်းခဲ့ဘူးသည်

ရုပ်တည် ကြီးနှင့် နေတတ်သော် ကျွန်တော်သည်

မခင်နှင်းဆီ ပြုံး နေလျင် မူ ကျွန်တော် ကြည်နူးနေတတ်သည်

မနက်စောစော မထတတ်သော မခင်နှင်းဆီ ၏

အိပ်ချင်မူးတူး အသံ ကို လည်း ကျွန်တော် သဘောကျခဲ့သည်

ကျွန်တော် သဘောကျခဲ့သော မခင်နှင်းဆီ ၏

အိပ်ချင်မူးတူးအသံကို မကြားရသည်မှာလည်း

အချိန်ကာလ တစ်ခု ဖြတ်သန်းသွားခဲ့ ပြီ ဖြစ်သည်

ကျွန်တော် ချစ်သော မခင်နှင်းဆီ ၏ အပြုံးကို

မမြင်ရသည်မှာလည်း အချိန်ကာတစ်ခု စီးဆင်းသွားခဲ့ပြီ ဖြစ်သည်

ကျွန်တော် မြတ်နိုးသော မခင်နှင်းဆီ ၏ ဆံကေ သာကို

မနမ်းရှိုက်ရသည်မှာလည်း အချိန်ကာတစ်ခု ကြာမြင့်သွားပြီ ဖြစ်သည်

မခင်နှင်းဆီ သည် ကျွန်တော် နှလုံးသားတွင် အနည်ထိုင်သွားခဲ့ပြီ ဖြစ်သည်

အနည်ထိုင်သွားသောကြောင့် မခင်နှင်းဆီ ကို

မလွမ်း..မဆွေး….သတိမရ … တော့ ခြင်း မဟုတ်

သည်ကဗျာသည်လည်း မခင်နှင်းဆီ ကို လွမ်းသောကြောင့် ရေးဖြစ်ခဲ့ခြင်းဖြစ်သည်

မခင်နှင်းဆီ သည် ကျွန်တော် နှလုံးသားတွင်

နေရာ လွတ်မရှိအောင် အနည်ထိုင်သွားခြင်းမျိုး သာ ဖြစ်သည်

နှင်းဆီ ရနံ့ ရတိုင်း ကျွန်တော် နှလုံးသားမှာ လှိုင်းကြက်ခွပ်များ

ကြီးကြီးမားမား ထ ဆဲ သာ ဖြစ်သည်…

ကျွန်တော် အတွေးထဲတွင် မခင်နှင်းဆီ ရှိဆဲ သာ ဖြစ်သည်

ကျွန်တော် အိမ်မက်တွေထဲတွင် မခင်နှင်းဆီ ပါဝင်မြဲ ပင်ဖြစ်သည်

ကျွန်တော် နှလုံးသားသည်လည်း မခင်နှင်းဆီကို ချစ်နေဆဲ သာ ဖြစ်သည်

သို့ သော် ကျွန်တော် ၏ ဘေးတွင် မူ မခင်နှင်းဆီ မရှိတော့…..

မခင်နှင်းဆီ သည် ဟိုလူကြီးရဲ့  ဘေးတွင် ရှိနေသည်သာ ဖြစ်သည်…

ကျွန်တော် ၏ ဘေးတွင် ရှိနေသည်မှာ အတိတ်များသာ ဖြစ်သည်…..။( လုလင်ငယ်သွေး)

In: ကဗျာ Posted By: Date: Aug 27, 2012
Comment #1

wow,,,
cute creation,
lovely story with sweet words,
😛

commentinfo By: ei lay at Aug 27, 2012
Comment #2

ဟိုလူကြီးရဲ့ မခင်နှင်းဆီ…….

commentinfo By: နွေ at Jun 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment