အိပ်မက် – ၁၃၉ (Dream 139 by Naguib Mahfouz)
အရမ်းကို နာမည်ကြီးနေတဲ့ ပြပွဲတခု….
နာမည်ကြီးရခြင်း အကြောင်းအရင်းက များများစားစားမဟုတ်ဘဲ တချပ်တည်းသော ပန်းချီကားကြောင့်ဖြစ်သည်။ ထိုပန်းချီကား၏ ထူးခြားချက်က ကြည့်သူက ချဉ်းကပ်လာတာနဲ့ အမျှ ပုံက ပြောင်းလဲသွားခြင်းဖြစ်သည်။
ပထမ ကျွန်တော်မြင်လိုက်တာက ခမ်းနားကြီးကျယ်လှတဲ့ တောအုပ်တခုဖြစ်သည်။ ဒါပေမယ့် ကျွန်တော် ရှေ့ကို တလှမ်းတိုးလိုက်တာနှင့် မြင်ကွင်းက ပြောင်းသွားသည်။ တောအုပ်က ပျောက်သွားပြီ ထိုနေရာမှာ သိသိသာသာကိုပဲ ဆွဲဆောင်မှုရှိတဲ့ မိန်းမတယောက် ရဲ့ ၀တ်လစ်စလစ်ပုံက ရောက်လာသည်။
နောက်တလှမ်းရှေ့ဆက်တိုးလိုက်တယ်ဆိုရင်ပဲ ထိုအမျိုးသမီးသည် မရှိတော့။ အမျိုးသမီးအစား မြင်လိုက်ရသည်က ကျောက်တုံးက စလို့ ခုခေတ်နောက်ဆုံးပေါ်လက်နက်တွေထိအောင် လက်နက်ပေါင်းစုံကို ဆွဲကိုင်ထားတဲ့ ဒေါသမောဟတွေ ဖုံးလွှမ်းနေတဲ့ စစ်ပွဲ တခုဖြစ်နေပြီ…….
နေဦး
(၂၀၁၀ ဒီဇင်ဘာ ၁၇)
(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်ရဲ့ အိပ်မက်များပေါင်းချုပ်ထဲမှာ အိပ်မက် ၁၃၉ ကို ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့် တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပါသည်)

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login

Comment #1