Professional Authors

ကွဲအက်သွားတဲ့ ခေါင်းလောင်း

 

 

စိတ်ဝတ္ထုရဲ့ စေခိုင်းရာကို
မောင်းနှင်လာရင်း ကြီးပြင်းလာတဲ့
တက်သစ်စ ငါ့ဘဝထဲ
ဝိုင်းချိုရည် တစ်ခွက်နဲ့
မေ့လျော့ရင်း ဝေဒနာတွေ
နှစ်သိမ့်လို့ အလွမ်းတွေသင့်ခဲ့
ကျန်ရစ်နေတဲ့ ကျောင်းခေါင်းလောင်းလေး
အက်ကွဲလို့ အဖော်ပြုနေဆဲ…..။ 

 

အတိတ်တစ္ဆေတွေ ပျော်မြူးနေတဲ့
ကျောင်းတော်ထဲ ငါ့အတွက်တော့
ခေါင်းလောင်းအက်ကွဲသံနဲ့အတူ
အဖော်ပြုရင်း ခံစားရင်း
အထီးကျန် အလွမ်းသင့်နေဆဲ…။ 

 

မမျှော်လင့်တဲ့ အနာဂါတ်ကို
ငေးမောရင်း အက်ကွဲနေတဲ့
ကျောင်းခေါင်းလောင်းက
အသံတွေညည်းတွားလို့
ငါ့ရင်ခွင်ကို ထိုးဖောက်ခဲ့
ဒဏ်ရာပြင်ပြင်း ရခဲ့တဲ့
အတိတ်ဟောင်းတွေက
ဝေဒနာတွေဖြစ်ခဲ့
ခံစားလိုက်ရတဲ့ ငါအတွက်တော့
အိုဟောင်းနေတဲ့
ခေါင်းလောင်းအက်ကွဲနဲ့
အဖော်ပြုနေဆဲ…။ 

 

ဝေးနေသမျှ နီးနေဆဲ
ဆွေးနေသမျှ လွမ်းနေဆဲ
နာကြည်းလို့ ပစ်ထားသွားလည်း
ဒဏ်ရာတွေကို ချိုမြိန်စွာ ခံစားရင်း
ကျောင်းတုန်းက ခေါင်းလောင်းသံ
နိုင်ငံတော် အလံရှေ့မှာ
ဆိုနေကြ နိုင်ငံတော် သီချင်းတစ်ပုဒ်
စောင့်မျှော်ရင်း ဆိုနေဆဲ….။ 

 

ကျောင်းတွေလည်း ပိတ်
ခေါင်းလောင်းသံလည်း မကြား
အသိတွေလည်း ပျောက်
အချစ်တွေလည်း ငတ်ခဲ့
ကွဲအက်နေတဲ့ ခေါင်းလောင်းရှေ့
မျှော်လင့်ရင်း လွမ်းမောခဲ့
နေ့ရက်တွေတာ ကုန်ဆုံးခဲ့ပြီ……။ 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 23, 2011
Comment #1

မမျှော်လင့်တဲ့ အနာဂါတ်ကို
ငေးမောရင်း အက်ကွဲနေတဲ့
ကျောင်းခေါင်းလောင်းက
အသံတွေညည်းတွားလို့
ငါ့ရင်ခွင်ကို ထိုးဖောက်ခဲ့
ဒဏ်ရာပြင်ပြင်း ရခဲ့တဲ့
အတိတ်ဟောင်းတွေက
ဝေဒနာတွေဖြစ်ခဲ့
ခံစားလိုက်ရတဲ့ ငါအတွက်တော့
အိုဟောင်းနေတဲ့
ခေါင်းလောင်းအက်ကွဲနဲ့
အဖော်ပြုနေဆဲ…။

commentinfo By: May Kha at Dec 23, 2011
Comment #2

အခုလို အားပေးသည့်အတွက် အထူးကျေးဇူးတင်မိပါတယ် ခင်ဗျာ…

ခင်မင်စွာဖြင့် တက္ကသိုလ်မြတ်မင်း

Leave Comments

Name*

Email*
Website
Email me whenever there is new comment