Professional Authors

နောင်တ

အိပ်လို့မပျော်သေးတဲ့ ဒီည
တိက်ဆိတ်နေတဲ့သန်းခေါင်ယံထဲ
ဒဏ်ရာတွေနဲ့လူးလိမ့်နေရင်း
ငါလျှောက်ခဲ့တဲ့လမ်းထဲက
ငါ့ခြေရာတွေကို ပြန်ကောက်နေမိ…
ခြင်တွေကတောင်
အားနာနေမိတဲ့ ငါ့ -အဖြစ်ကို
နာရီသံတွေကလည်း
အဖော်ပြုလို့….
မင်းကိုမပြောဖြစ်ခဲ့တဲ့စကားတွေက
ကျောက်စရစ်ခဲတွေလို
ငါ့ရင်ထဲမှာ ခုခံနေ……….
ဝေဒနာတွေကို
မကြေငြာခဲ့မိလို့
အလွမ်းတွေကိုလည်း
ငါ မဖြေသာနိုင်သေးပါဘူး………
မကြေငြာပဲလဲသိစေချင်ခဲ့တာပါ
ချစ်သူ……
ဒီလပြည့်ညကြီးမှာပေါ့
တကယ်လို့များ
မင်း လမင်းကြီးကိုကြည့်နေမယ်ဆိုရင်
ငါ့-ရင်ထဲကစကားလုံးတွေကို
ဟော့ဒီ့ လမင်းကြီးမှာ
မင်းသိအောင် ငါရေးပြလိုက်ချင်တယ်……
ဒါပေမယ့်လည်း
အခုချိန်ဆို မင်း…..
အိပ်မက်လှလှလေးတွေမက်နေရောပေါ့…..။

In: ကဗျာ Posted By: Date: Mar 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment