Professional Authors

လွတ်ကျသွားတဲ့ အမှန်တရား (သက်ထွေး)

(၁)

နွေကို
ဖန်ဆင်းတာ
ဆောင်းလို
မအေးစက်တတ်ဖို့တဲ့
မနက်ကရွာသွားတဲ့
မိုး
အငြိုးတွေပါတယ် မေမေ …

အတ္တကို ခြုံမှ
နွေးမယ်ဆိုရင်တော့
ကျွန်တော်
အေးလဲ အေးပါစေတော့ …

(၂)

ပန်းတိုင်ကိုတည်
လက်ဆယ်ချောင်းထောင်ပြီး
လက်ငါးချောင်းကို
စိတ်မှာ မှတ်ခဲ့ပါတယ်
မေမေ …

ဘဝကို
ဝှေ့ယမ်း
နှုတ်ဆက်ရုံ
သက်သက်ဆိုရင်တော့
ကျွန်တော်
တကူးတက
မထက်မြက်ချင်တော့ဘူး …

(၃)

တစ်ထောင့်တစ်ည
မမက်ချင်တာနဲ့
အိပ်မက်တွေကို
လက်ထိုး အန်ခဲ့တယ်
မေမေ …

မင်းသမီးလေးနဲ့
ထိမ်းမြား ဖို့
အိပ်ရေးပျက် ခံမနေတော့ဘူး …

(၄)

ကိုယ့်ကိုယ်ကို
ပြန်မျှားဖို့
ကိုယ်ကြိုက်တဲ့အစာ
ကိုယ်ရှာမှရမယ်တဲ့
မေမေ …

ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …

(၅)

ခရာမှုတ်ပြီး
ပွဲသိမ်းလိုက်ကြစို့ရဲ့တဲ့ ..

လွတ်ကျသွားတဲ့
အမှန်တရားက
တခါတလေတော့လည်း
ခါးတယ် မေမေ ။ ။

သက်ထွေး
၁၇.ဝ၆.၂ဝ၁ဝ မနက် ၈းဝဝ

In: ကဗျာ Posted By: Date: Jun 17, 2010
Comment #1

“ကိုယ့်ကိုကိုယ်
ပြန်မျှားဖို့
ကိုယ်ကြိုက်တဲ့အစာ
ကိုယ်ရှာမှရမယ်တဲ့
မေမေ …

ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …”

ကြိုက် ပါ တယ် ဆို တာ ထက် ပို ပါ တယ် ။ 😉

commentinfo By: kook at Jun 17, 2010
Comment #2

ဘဝကို
ဝှေ့ယမ်း
နှုတ်ဆက်ရုံ
သက်သက်ဆိုရင်တော့
ကျွန်တော်
တကူးတက
မထက်မြတ်ချင်တော့ဘူး …

လွတ်ကျသွားတဲ့
အမှန်တရားက
တစ်ခါတစ်လေတော့လည်း
ခါးတယ် မေမေ ။ ။

(: စာသားလေးတွေ တကယ်ကောင်းတယ်… လေးစားသွားပါကြောင်း…..
ဟုတ်ပ ဟုတ်ပ ဘဝကို ဝှေ့ယမ်း နှုတ်ဆက်ရုံ သက်သက်ဆိုရင်တော့ တကူးတက မထက်မြတ်ချင်တော့ဘူး … (:

commentinfo By: ဖြိုးဖြိုး at Jun 17, 2010
Comment #3

အမှန်တရားတွေခါးတယ်တဲ့လား…ရှိပါစေတော့။။။

commentinfo By: အမရာ at Jun 17, 2010
Comment #4

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ..
စကားလုံးလေးတွေ သုံးနှုံးထားတာ ကို အရမ်းသဘောကျပါတယ်

commentinfo By: ic23u0 at Jun 17, 2010
Comment #5

ကိုသက်ထွေးရေ တော်တော်မိုက်တယ်ဗျာ…။တော်တော်လေးကောင်းတယ်ဆိုတာထက်ကို
ကောင်းပါတယ်..။ကျွန်တော့အမြင်ပြောတာနော်..။ဒီကဗျာလဲကူးသွား
ပါတယ်ဗျာ…။ စကားလုံးတွေကလန်ထွက်…။လုပ်လိုက်မှဖြင့်..။ဟုတ်ပါတယ်ဗျာ…။
အမှန်တရားတွေက တစ်ခါတလေလဲကိုယ့်အတွက်တော့ခါးတတ်ပါတယ်…။

commentinfo By: naynyo23 at Jun 17, 2010
Comment #6

ကျွန်တော်လဲကူးသွားပါတယ်ဗျာ..
တစ်ခြားဆိုဒ်တွေမှာ တင်ပေးဖို့ပါ..
နော..

commentinfo By: ic23u0 at Jun 17, 2010
Comment #7

ကောင်းတယ်လို့ ပြောရတာ တင် အားမရပါဝူး
ဘာမှတော့ ထပ်မေ၇းတတ်တော့ဝူး
အရမ်းကြိုက်တယ်

commentinfo By: lwanhlainge at Jun 17, 2010
Comment #8

ပထမ အပိုဒ် ကြိုက်တယ် Bro ရေ

commentinfo By: LoRdiE at Jun 18, 2010
Comment #9

လာ အားပေးကြသောသူများအား အထူး ကျေးဇူး တင်ပါတယ် ခင်ဗျာ။

commentinfo By: သက်ထွေး at Jun 18, 2010
Comment #10

မိခင်ခြုံတဲ့ ရင်ခွင့်
နွေနှင့် ဆောင်းအတွက်….
ဖခင် ကာတဲ့ ခွန်အား
မိုးအတွက် အထောက်အကူ ဖြစ်မှာပါ
ဒီခြုံစောင်နဲ့ အကာတွေ
ကူကာထောက်လို့
ပန်းတိုင်ကိုလှမ်း
မင်း အရောက်သွားနိုင်ပါစေနော်……

commentinfo By: မနောဖြူလေး at Jun 18, 2010
Comment #11

တော်တော်ကြိုက်တယ်….တစ်ခါတည်းဖတ်ဖူးရုံနဲ့ တစ်သက်လုံးအမှတ်ရစေမယ့်..ကဗျာလေးပါ…………

commentinfo By: theingi at Jun 18, 2010
Comment #12

ဘယ်ဟာကြိုက်တယ် ဆိုပြီးပြောမလို့ ပြန်ကြည့်လိုက်တာ.. အကုန်ပါပဲ.. ကြိုက်တယ် ကြိုက်တယ်.. အရမ်းပဲ.. သူကြီးကဗျာတွေ လန်းလွန်းပါတယ်.. 😀

commentinfo By: Kitty Yang at Jun 20, 2010
Comment #13

{“လွတ်ကျသွားတဲ့
အမှန်တရားက
တစ်ခါတစ်လေတော့လည်း
ခါးတယ် မေမေ”

မနက်ကရွာသွားတဲ့
မိုး …
အငြိုးတွေပါတယ် မေမေ …

အတ္တကို
ခြုံမှ နွေးမယ်ဆိုရင်တော့
ကျွန်တော်
အေးလဲ အေးပါစေတော့ … }

***** ကုန်ပြီဗျာ…ကျန်တဲ့လူတွေ ရေးစရာမရှိအောင် စကားလုံးတွေ သူချည်းပဲသုံးသွားတယ်..။ လူဆိုးကြီး…

အထက်က အပိုဒ်တွေ က ရင်ထဲထိတဲ့အပိုဒ်တွေပါ..။ တစ်ပုဒ် လုံးကတော့ မနာလိုဖြစ်ရလောက်အောင် ပြီးပြည့်စုံပါတယ်..ဆရာရေ…။******

commentinfo By: အငွေ့ at Jun 21, 2010
Comment #14

ကဗျာလေးက ဖတ်လို့အဆင်ပြေပါတယ်။လူငယ်တစ်ယောက်ရဲ့ခံယူချက်ပေါ့။တာရာမင်းဝေရဲ့ရေးဟန်နဲ့နည်းနည်းဆင်တယ်။

commentinfo By: aung yin nyein at Jun 22, 2010
Comment #15

အငွေ့ပြောသလိုပါပဲ…သူများတွေရေးစရာစကားလုံးကိုမရှိတော့ဘူး….
လေးစားပါတယ်ဗျာ…မနာလိုတော့မရှိပါဘူး…
အဲလို…ထိထိမိမိလေးတွေ..i wish i could…ပါ…
လေ့လာသင်ယူနေဆဲမို့..
မြင်ဆရာတွေအားလုံး…
လေးစားအားကျလျက်ပါလို့…

commentinfo By: miss30 at Jun 22, 2010
Comment #16

ကြိုက်လွန်းတယ်

commentinfo By: ဂမုန်း at Jun 29, 2010
Comment #17

ဆက်ရေးရင် ပိုကောင်းမယ် ထင်တာပဲ။

commentinfo By: ChIr0N at Jul 21, 2010
Comment #18

ကိုသက်ထွေး…အကိုကဗျာလေးတွေက အရမ်းကြိုက်တယ် တော်တော်လဲ heart ထိတယ် နောက်ကဗျာတွေထပ်ရေးနော် အကို့ 
ကိုအားကျတယ်

Comment #19

ကဗျာ အသုံးအနှုန်းတွေက ကောင်းလိုက်တာ… အစ်ကို ကဗျာတွေကို အရမ်းကြိုက်တယ်..အားလဲကျတယ်

commentinfo By: လင်းဆက် at Sep 3, 2010
Comment #20

7 stars. =)

commentinfo By: waing at Sep 3, 2010
Comment #21

ကိုယ့်ကိုကိုယ်
ပြန်မျှားဖို့
ကိုယ်ကြိုက်တဲ့အစာ
ကိုယ်ရှာမှရမယ်တဲ့
မေမေ …

ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …
ကြိုက်တရ်ဆိုတဲ့ စကားထက်လေးနက်တဲ့စကား၇ှိရင် ပြောချင်ပါသေးတရ်

commentinfo By: dunknow at Sep 7, 2010
Comment #22

ကိုသက်တကယ်ကောင်းတယ်ဗျာ
ကျနော်အားကျတယ်
နှလုံးသားမှာ တသက်တာမှတ်ထားလိုက်ပါပြီ
အားပေးနေပါတယ်
အောင်မြင်ပါစေ

commentinfo By: zayyar chan at Sep 22, 2010
Comment #23

ayan mote tae ako ….

commentinfo By: nyanhtet at Sep 23, 2010
Comment #24

ako yay face book mhar ako name nae bae tin kwint pyu par khin byar..me poem twae lae way phan pay boe welcome lote par dae…..facebook nick=samurai nyan

commentinfo By: nyanhtet at Sep 23, 2010
Comment #25

ကို nyanhtet ရေ ..

ရပါတယ်ခင်ဗျာ။ တင်ပါ ခွင့်ပြုပါတယ်။ ကျွန်တော့်ကို [email protected] ကနေဆက်သွယ်နိုင်ပါတယ်။

commentinfo By: သက်ထွေး at Sep 23, 2010
Comment #26

လွတ်ကျသွားတဲ့
အမှန်တရားက
တစ်ခါတစ်လေတော့လည်း
ခါးတယ် မေမေ ။ ။

မျက်စိပိတ်
လွတ်ချခဲ့ရတဲ့ အကြိမ်ပေါင်းလဲ မနဲတော့ပါဘူး..။

commentinfo By: sorrower.kl at Sep 23, 2010
Comment #27

အတ္တကို ခြုံမှ
နွေးမယ်ဆိုရင်တော့
ကျွန်တော်
အေးလဲ အေးပါစေတော့ …
(အဲအပိုဒ်ကို အကြိုက်ဆုံးပါရှင်.. copy လုပ်သွားပါတယ် ရှင်) 🙂

commentinfo By: ရွှေငါး at Sep 23, 2010
Comment #28

ကိုယ့်ကိုကိုယ်
ပြန်မျှားဖို့
ကိုယ်ကြိုက်တဲ့အစာ
ကိုယ်ရှာမှရမယ်တဲ့
မေမေ …

commentinfo By: ခင်းခင်း at Sep 23, 2010
Comment #29

တစ်ထောင့်တစ်ည
မမက်ချင်တာနဲ့
အိပ်မက်တွေကို
လက်ထိုး အန်ခဲ့တယ်
မေမေ …

မင်းသမီးလေးနဲ့
ထိမ်းမြား ဖို့
အိပ်ရေးပျက် ခံမနေတော့ဘူး …
ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …

so liking brother ……တခါတလေ ဆီမထည့်ပဲ ငွေထည်.မောင်းမှ ရတဲ့ အထက်တန်းစား ကားတွေအတွက် အန်ကယ်ကြီးမျက်နှာဖုံးပေါ်ကရမ္မက်တွေကို ငွေစက္ကူ တွေကြားမှာ နစ်မျောနေဆဲ ဝေခွဲလို. အခုထိမရကြသေးဖူးအကို …………….

commentinfo By: nyanhtet at May 21, 2011
Comment #30

တော်တော်ကောင်းတဲ့ ကဗျာလေးပဲ….ခိုင်းနှိုင်းသွားတဲ့ စကားလုံးတွေ တော်တော် အသက်ဝင်တယ် ကိုသက်…လေးစားပါတယ်…

commentinfo By: HtetWaiAung at May 23, 2011
Comment #31

ခုမှ ဒီ site ကိုလာလည်ဖြစ်တာမို့ comment ပေးရလောက်တဲ့ထိတော့ အဆင့်မမှီပါဘူး ဒါပေယ့် ပေးလို့ရမယ်ထင်လို့ နည်းနည်းတော့ ပေးခဲ့တယ်နော်
့် Poem ရေးတယ်ဆိုတာ လက်နှစ်ချောင်းကွေးရုံနဲ့ ရတာမှမဟုတ်တာ ရင်ဘတ်နဲ့ရင်းပြီးရေးရတာလေ ဒါကြောင့် လွယ်တော့မလွယ်ဘူး so I respect all of poets in this site.

commentinfo By: Nay Chi at Jul 4, 2011
Comment #32

တစ်ပုဒ်လုံးမှာအနှစ်သာရ ပြည့်ဝနေတယ် ကိုသက်ထွေး…။
ကိုသက်ထွေးလို ဆရာတစ်ယောက်ရဲ့ ကဗျာ ကိုမှ ကူးယူးခဲ့မိတဲ့ ကျွန်တော်… အတိုင်းမသိ တောင်းပန်နေပါ့မယ်….။

Comment #33

အကိုအရေးအသားတွေကို ကြိုက်တယ်ဗျာ..

commentinfo By: Aung ko at Nov 21, 2011
Comment #34

အရမ်းကြိုက်တယ်

commentinfo By: phyonge at Nov 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment