Professional Authors

မကြေငြာ ပြည်သာတဲ့ ခေါင်းလောင်း

 

ဘဝက ခါးသီးလွန်းလို့

ပေပေတေတေနဲ့ ဆန့်ကျင်ဘက်တွေကို

ဝေဖန်ဆုံးဖြတ်ရင်း ဘယ်သူက…. မှားပြီး…

ဘယ်သူက အမှန်ဆိုတာ…..

 

သူတို့…လျှောက်လှမ်းသော လမ်းစဉ်နောက်မှာ

ခြေသံတခု ကြားလိုက်တယ်….

 

သူတို့…ပြောမိသော စကားနောက်မှာ

လျှိုဝှက်ချက်တခု တွေ့လိုက်တယ်….

 

သူတို့….စစ်မှန်သော အလုပ်တခုနောက်မှာ

တန်ပြန်မှုတခု ရရှိလိုက်တယ်…

 

သူတို့….မသိနိုင်တဲ့ အရာတခုကတော့

လျှိုဝှက်ချက် သံစဉ်တွေနဲ့

ရောင်စဉ်တွေ ကာရံခြယ်သရင်း….

 

သူတို့…တွေဝေနေဆဲ အိပ်ပျော်နေမြဲ

အတွေးတွေလည်း လွင့်မြောနေဆဲ….

 

သူတို့…..ပြန့်လွင့်နေသော စာရွက်တွေလည်း

စွန်းထင်နေတဲ့ မင်ရောင်တွေနဲ့

အသုံးမကျတဲ့အခါ အများစွန့်ပစ်တဲ့

အမှိုက်ပုံထဲ ညစ်ပေလို့ ကျရောက်နေဆဲ…..

 

ဘယ်အချိန်တွေမှာ ရုံးကန်လို့

အကြိမ်ကြိမ်လဲကျဖူးတဲ့ အတိက်ချိုင့်ဝှမ်းတွေအောက်က

တွန်းအားတွေနဲ့ နိုးထလို့….

တစ်ခေတ်တစ်ခါရဲ့ ခေါင်းလောင်းသံလေး ဖြစ်လိုက်ချင်…။

 

(မကြေငြာ ပြည် သာတဲ့ ခေါင်းလောင်း၊ တံခူး ဆန်းတစ်မှာ အမတ်လောင်း တိုင်းပြည် စုပေါင်း။)

 

 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Mar 22, 2012
Comment #1

တိုက်တိုက်ဆိုင်ဆိုင် ကိုမြတ်မင်းရေ… ကျွန်တော်ကလဲ တန်ခူးလဆန်း ၁ ရက်နေ့အတွက် လက်တန်းလေး တပုဒ်တင်နေတုန်း ဒါလေးကို ဖတ်လိုက်ရတာ…

မကြေငြာ ပြည် သာတဲ့ ခေါင်းလောင်း၊ တံခူး ဆန်းတစ်မှာ အမတ်လောင်း တိုင်းပြည် စုပေါင်း…

commentinfo By: kantkawmg at Mar 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment