Professional Authors

ဆူးခင်းတဲ့ ဒဏ်ရာနေ့သစ်

 

အသီးမခူးတတ်သေးတဲ့ အရွယ်
အကိုင်အခက် ရိုက်ခတ်မိတဲ့ အရွယ်
အသိဥာဏ်မတိုးတက်သေးတဲ့ အရွယ်
ဝေဒနာလား သုခလား မခွဲခြားတတ်သေးတဲ့
လောက သုခုမပင်လယ်ထဲ ကူးခတ်ရင်း
ပျို့တတ်လာတဲ့ အချစ်အဆိပ်တစ်ခွက်ကို
ချိုမြိန်စွာ သောက်သုံးခဲ့ပြီ….။

 

အနာတရဖြစ်ဖူးတဲ့ ခြေလှမ်းတွေထဲ
အတိတ်ဒဏ်ရာတွေနဲ့ သုခကြမ်းပြင်ပေါ်မှာ
မှောက်လဲသွားခဲ့ မသေခြာတဲ့
အနာဂတ်အတွက် ပစ္စုပ္ပန်မှာ
ပျောက်ဆုံးသွားတဲ့ အဖြေကို ရှာဖွေနေဆဲ…။

 

အမှတ်တမဲ့ ချော်လဲသွားတဲ့
ဟန်ချက်တွေက သရုပ်ဆောင်တယောက်လို
ဟန်ဆောင်ကောင်းခဲ့ပေမဲ့ ဝေဒနာဟာ
ခြေလှမ်းတိုင်းမှာ နာကျင်နေဆဲပါ…။

 

စေခိုင်းရာကိုလည်း မောင်းနှင်ခဲ့ဖူးတယ်
ကြမ္မာကံမှောက်လို့ စေလိုရာမဟုတ်တဲ့
အတိတ်တွေလည်း ခုတ်မောင်းခဲ့ဖူးတယ်
မနေသာလို ဝေဒနာ ဟိုအဝေးမှာ
ထင်ကျန်ကာ နေရစ်ခဲ့တဲ့
ဇာတ်လမ်းတစ်ပုဒ်ကိုလည်း ရိုက်ခဲ့ဖူးတယ်
အတိတ်တိုင်း ဇာတ်လမ်းတိုင်းမှာ
မင်းက မင်းသ္မီး ငါက မင်းသားအဖြစ်နဲ့
ဇာတ်စင်ပေါ်မှာ ခုတ်မောင်းရင်း
အချစ်ဝိုင်းချိုရည် တစ်ခွက်ပေါ်မှာ
ချိုမြိန်စွာ ယစ်မူးလို့ ပျော်ရွှင်ဖူးတယ်
အခုတော့ ဇာတ်လမ်းလည်း ဆုံးခဲ့ပြီ
အတိတ်တွေလည်း ခါးသက်သက်နဲ့
ပူပြင်းတဲ့ မီးတောက်တစ်ခုလို
သောက်သုံးရင်း ဝေဒနာတွေနဲ့
ဒဏ်ရာရထားကြီးတစ်စင်းပေါ်မှာ
ချစ်သူများနေ့သစ်အတွက် ခုတ်မောင်းခဲ့ပြီ…..။

 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

မသေခြာတဲ့
အနာဂတ်အတွက် ပစ္စုပ္ပန်မှာ
ပျောက်ဆုံးသွားတဲ့ အဖြေကို ရှာဖွေနေဆဲ…

commentinfo By: kantkawmg at Feb 1, 2012
Comment #2

ခံစားအားပေးသွားပါတယ်ဗျာ

commentinfo By: poem.poem28 at Feb 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment