Professional Authors

ဒင်္ဂါးပြား

အချစ်မြစ်ရိုးတစ်လျှောက်
ငါလျှောက်လာခဲ့တယ်
ဒဏ်ရာတွေ ထမ်းပိုးရင်းနဲ့ပေါ့
ဒဏ်ရာတွေကို အဖော်ပြု ရင်းနဲ့
ရရှိခဲ့တဲ့ နာကြည်းမှုတွေကို
ချပြစရာလူကမရှိ 
နေမင်းရဲ့ မုန်းတီးမှုတွေကို
သရုပ်ဖော် ကပြနေတဲ့
သစ်ရွှက်ခြောက်တွေကတော့
ပျော်ရွှင်နေပါရဲ့
နွေဦးရဲ့  မနက်ခင်းတိုင်းကို
ဥသြငှက်ရဲ့ မြည်သံတွေနဲ့ပဲ မကုန်လွန်ချင်ဘူး
နင်မရှိတဲ့ အချိန်တွေဆို
အလွမ်းတွေကို အဖော်ပြုရင်း
နေထိုင်ရတာ တော်တော် ဆိုးတယ်
သီချင်းတစ်ပုဒ် ညည်းတိုင်း
မျက်ရည်တစ်ပေါက်ကျကျနေလို့
အလွမ်းတွေကို ပယ်လိုက်ပြီး
အနမ်းတွေကိုပဲ ဖလှယ်လိုက်ချင်တယ်
တကယ်တော့ နင်တောင့်တနေတဲ့
ဓူဝံ ကြယ်ဆိုတာ ငါ့အိပ်ကပ်ထဲက
ဒင်္ဂါးပြား သာသာလောက်ပဲ ရှိပါတယ် …..

In: ကဗျာ Posted By: Date: Jun 19, 2012
Comment #1

so touching.
i like so much.

commentinfo By: ei lay at Jun 19, 2012
Comment #2

thz fri

commentinfo By: dozet at Jun 19, 2012
Comment #3

i like this poem,
နှစ်ခြိုက်စွာအားပေးသွားပါ၏။

commentinfo By: moezat at Jun 20, 2012
Comment #4

ကဗျာလေးကအသက်ဝင်ပါတယ်…အားပေးနေလျက်

commentinfo By: zaylin at Apr 26, 2013
Comment #5

GLHF >. thz..

commentinfo By: dozet at Apr 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment