Professional Authors

စိတ်နာတေး (ဥတ္တရာအောင်)

မင်းအသံကို ငါကြားတဲ့အခါ
နားရွက်တွေကို ဆောင့်ပိတ်ပစ်မယ်။

မင်းမျက်နှာကို ငါမြင်တဲ့အခါ
မျက်လုံးတွေကို မောင်းထုတ်ပစ်မယ်။

ငါဟာ
မိန်းကလေးတစ်ယောက်ရဲ့ လက်အဆော့ခံထိတဲ့
လက်သည်းနီဘူးကလေးပဲ။

ငါဟာ
မိန်းမတစ်ယောက်ရဲ့ အစမ်းစီးခံရတဲ့
ဖိနပ်တစ်ရန်ပဲ။

ငါက
သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာကို
ပိုမွေးသလို မွေးတယ်။

မင်းက
အပျော်အပြက်နဲ့ ချစ်ခြင်းမေတ္တာကို
ရွှေဆွဲကြိုးလို ဆွဲတယ်။

ငါ့အချစ်ကိုသတ်ပြီး
ငါ့ဘဝကို ခုတ်ပါ။
ငါ့သီချင်းကို ယူပြီး
တခြားရင်ခွင်မှာ ဆိုပါ။

သစ္စာမဲ့တဲ့ လျှာတစ်ချောင်းရဲ့ လက်ခုပ်မှာ
စိတ်က
သိုးတစ်ကောင်လို မသိမ်မွေ့ချင်တော့ဘူး။

မီးသီးကွဲသလိုပေါ့
ဒီတစ်ခါ ခွဲခွာခြင်းဟာ
ဘယ်တော့မှ ပြန်ဆက်စပ်လို့မရတဲ့
အပိုင်းအစ အမှုန့်တွေအဖြစ်နဲ့သာ။

ဥတ္တရာအောင်

In: ကဗျာ,ဥတ္တရာအောင် Posted By: Date: May 3, 2010
Comment #1

လန်းလွန်းပါတယ်ဗျာ
မိန်းမတွေများစိတ်နာနေလားဗျာ
ကျနော်ကတော့စိတ်မနာပါဘူး
ထိဘူးတာတော့စုန်ပြတ်နေအောင်ပဲ
ကျနော်ကတော့မိန်းမဆိုဘယ်မိန်းမမှကိုမယုံဘူး
အကိုကဗျာတွေကိုကြိုက်တယ် ဗျာ
ကဗျားထဲမှာ အ၇ိပ်တွေထင်းနေအောင်ကိုပြေးနေတာပဲဗျာ
ကျနော်တော်တော်၇ု့ဘယ်သူ့ပို့ကိုမှ ကွန်းမန်ွှမပေးဘူး ခုမပေးပဲမနေနိုင်လွန်းလို့ကိုပေးတာပါ

http://www.konyein.co.cc

commentinfo By: KoNyein at May 16, 2010
Comment #2

ကြိုက်တယ်

commentinfo By: moe san at May 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment