Professional Authors

ကျွန်တော် မကောင်းဘူး အမေ (ဥတ္တရာအောင်)

အမှိုက်တစ်စနဲ့ အသိုက်ပွရပေါ့။

ဖယောင်းလို ပျော့ပျောင်းလိမ့်မယ်အထင်နဲ့
သူမကို မီးထွန်းယူငင်လိုက်တာ
အမေ့ကို အပူပေးသလို ဖြစ်သွားတယ်
ကျွန်တော်မကောင်းဘူး အမေ။

တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားခဲ့သူ
နောင်တဟာ တောအုပ်တစ်ခုလို ထူထပ်
ဖျက်မရတဲ့ အစွန်းကွက်တွေဖြစ်ခဲ့ရ
ဒီအိုးဒီအိမ် ဒီခြံဒီမြေကလေးမှာ
ခြေနှစ်ချောင်း ခုန်ဝင်လာကတည်းက
အမေ့ ငြိမ်းအေးမှု့ယုန်ကလေးခမျာ ထိတ်ထိတ်ပျာပျာ
ကျွန်တော် မကောင်းဘူး အမေ။

ပြင်မရတော့ဘူး
ဒီဆေးမင်ရည်စုတ်ထိုး အမှားဟာ
အမေ့ပါးမှာ မျက်ရည်လွယ်ခဲ့
ကျွန်တော်မကောင်းဘူး အမေ။

ကျွန်တော်ဟာ
မျက်စိမမြင်တဲ့ ကျေးဇူးတရား
ခုလို ကောက်ယူမိတဲ့ အမှိုက်တစ်စကြောင့်
ကျွန်တော်တို့ အသိုက်ပွမယ်မှန်းသိရင်
သွားတစ်ချောင်းလို ဆွဲနှုတ်ပစ်မှာပေါ့။

အခုတော့ မေမေရေ
အားကောင်းမောင်းသန် နာကျန်မှု့လက်ဖဝါးနဲ့
အမေ့သား ပါးကိုသာ
အားပါပါရိုက်ချလိုက်ပါတော့။
ကျွန်တော်မကောင်းဘူး အမေ။

ဥတ္တရာအောင်
၂၀ဝ၄ ဇန်နဝါရီ ပိတောက်မြေမဂ္ဂဇင်း အမှတ်၁၁

In: ကဗျာ,ဥတ္တရာအောင် Posted By: Date: May 3, 2010
Comment #1

တော်တော်ကိုကြိုက်တယ်ဗျာ
ကျနော်အဖြစ်နဲသိပ်ကိုတူလို့လားမသိပါဘူး
ကျနော်ကိုများဆောင်းေ၇းထားသလားဗျာ
ကျနော်ဝပ်ဆိုက် မှာ တင်ချင်လို့ကူသွားပြိဗျာ
http://www.konyein.co.cc

commentinfo By: KoNyein at May 16, 2010
Comment #2

ဥတ္တရာအောင် ပိတောက်မြေ နားသွားကတည်းက မတွေ့ဖြစ်ကြတော့ဘူး။ မျာများရေးပါ သူငယ်ချင်း။ အားပေးနေပါတယ်။ ခွန်ကြယ်ဖြူ(ဆီဆိုင်)
ဆက်သွယ်ပါ….
[email protected]

commentinfo By: khun.k at May 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment