ကိုယ့်ဖိနပ်က ကိုယ့်ထက်လမ်းကပိုမြင်တယ်
မိုးရေတွေထဲမှာလူကိုထားခဲ့ပြီး စိတ်က Asahiနဲ့
လူက အိမ်နံပါတ်မမှတ်မိ စိတ်က ခပ်တည်တည် အိမ်ထဲဝင်သွား
လူက ခုထိနို့နံ့ မစင်သေးဘူး စိတ်က ကိုယ့်မျိုးဆက်အတွက် စဉ်းစားတယ်
လောကဆိုတာကဘာမှ မဟုတ်လို့
ကဗျာဆိုတာကလဲဘာဟုတ်လို့လဲ လိုလို
သူက လွဲရင်ဘာဆို ဘာမှ မလိုဘူး လိုလို
အခု……… ဘုရားသခင်သန်းခြောက်ဆယ် လိုတယ်………….
လိုင်းကားတစ်စီးရောက်လာတယ်
လူက စီးရမယ့်နံပါတ် မေ့နေတုန်းပဲ
ဒရိုင်ဘာစိတ်ငှားပြီးလူတွေကို မြင်ကြည့်တယ်
နှစ်ရာတန်တွေဘယ်နှယောက်လဲ
ဝင်ဝင်တိုက်မိတဲ့တိုက်တွေမှာအသိုက်မရှိ
စိတ်က စောင်ခြုံကွေးနေလောက်ပြီ………..
စိတ်က အချဉ်ပေါက်တယ်
လူက အချိုကြိုက်တယ်…………….
လူကသာ ဘာမှမဟုတ်တာ
စိတ်က တစ်ခုပြီးတစ်ခုဟုတ်နေတာကြာပြီ…………..
လူက မိုးရေတွေထဲရုန်းကန်နေလိုက်ရတာ
စိတ်က အိမ်ထဲကအိမ်ပြင်မထွက်
“မိုး”အကြောင်းကဗျာတွေ ရေးနေလောက်ရောပေါ့။ ။
ပန်ပါယ်
Comment #3
😀
                        By: loafer at Jul 30, 2013
                    Comment #4
ကိုစိုင်းရဲ့ကဗျာတွေကအရမ်းကောင်းတယ်နော်ခိုင်လေးကကိုစိုင်းရဲ့ထာဝရပရိတ်သတ်တစ်ယောက်ပါကဗျာတွေအများကြီးရေးဦးနော်ခိုင်လေးကကိုစိုင်းစိုင်းနဲ့ခင်ချင်တာကြာပြီတကယ်လို့ကိုစိုင်းဆန်ဒရှိမယ်ဆိုရင်ခိုင်လေးရဲ့gtalkထဲကိုဝင်ခဲ့ပါလားခိုင်လေးမျော်နေမယ်နော်မဖြစ်နိုင်ဘူးဆိုတာကိုသိပေမယ့်မျော်လင့်နေမယ်နော်
                        By: Khine lay at Aug 4, 2013
                    Comment #5
ကိုစိုင်းရဲ့ကဗျာတွေကအရမ်းကောင်းတယ်နော်ခိုင်လေးကကိုစိုင်းရဲ့ထာဝရပရိတ်သတ်တစ်ယောက်ပါကဗျာတွေအများကြီးရေးဦးနော်ခိုင်လေးကကိုစိုင်းစိုင်းနဲ့ခင်ချင်တာကြာပြီတကယ်လို့ကိုစိုင်းဆန်ဒရှိမယ်ဆိုရင်ခိုင်လေးရဲ့gtalkထဲကိုဝင်ခဲ့ပါလားခိုင်လေးမျော်နေမယ်နော်မဖြစ်နိုင်ဘူးဆိုတာကိုသိပေမယ့်မျော်လင့်နေမယ်နော်
                        By: Kathy at Aug 4, 2013
                    Comment #6
ဆုလေး . . ရှင် . . စိုင်းစိုင်းခမ်းလှိုင်ကို မှားရွေးမိထားတယ်နော် . . ဒီကဗျာပိုင်ရှင်က ဆုတာရာလွင် @ ပန်ပါယ် ပါ ။ စိုင်းစိုင်းခမ်းလှိုင်ကဗျာမဟုတ်ပါဘူး . . သူက သူ့နာမည်မရွေးဘဲ မှားရွေးမိတာပါ မခိုင်လေး @ Kathy
                        By: မိငြိဏ်းခက် at Aug 4, 2013
                    Comment #7
ဟုတ် အမရေ တာရာမှားရွေးမိတာ ….
မခိုင်လေးရေ  တာရာမှားရွေးမိတာပါဗျ
🙂
                        By: Su Taryar Lwin at Aug 11, 2013
                    



 
Comment #1
လူကသာ ဘာမှမဟုတ်တာ
စိတ်က တစ်ခုပြီးတစ်ခုဟုတ်နေတာကြာပြီ…