Professional Authors

မြစ်နှစ်စင်း (ဥတ္တရာအောင်)

ကြေကွဲဖွယ်တွေနဲ့ စီးဆင်းခဲ့ရသူတွေမို့
သောင်ကမ်းပါးတွေကို ပုတ်နှိုးပြီး
ရင်ဖွင့်ရမှာလည်း အားနာ
တို့အပြေးအလွား ဆူးခင်းလမ်းပေါ်မှာ
မီးမှုတ်ထင်းထိုးလှေတွေ
ရေလောင်းမီးရှို့သင်္ဘောတွေ
အဆင်းဘီးတပ် အမှိုက်သရိုက်တွေ
အပျက်အစီးတွေနဲ့ နောက်ကျဆွံ့အစေရမယ်တဲ့။

ရယ်စရာပဲ
ဒါ
အချည်းနှီးကြိုးစားသူတွေရဲ့
အထမမြောက်မှု့ ရှို့မီးကလေးမှန်း
လှိုင်းတံပိုးတဝုန်းဝုန်းနဲ့
တို့နှစ်ယောက်စလုံးက သိတယ်။

ရင်နှစ်ခြမ်း ဘယ်လိုကွဲကွဲ
တွေ့ဆုံမှု့တွေ ဘယ်လိုခွဲခွဲ
မြစ်စစ်စစ်အဖြစ်
စီးဆင်းနေသူတွေ အဖို့တော့
တစ်နေ့
ပင်လယ်မှာ တို့ပြန်ဆုံမှာပဲ ။

ဥတ္တရာအောင်

In: ကဗျာ,ဥတ္တရာအောင် Posted By: Date: May 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment