Professional Authors

ရှင်ကွဲသီချင်း (ဥတ္တရာအောင်)

တို့ ချိတ်သွယ်မှုတွေ  ကြိုးပြတ်ကြရပေါ့။

ဗျောက်အိုးကွဲသလို နွှဲခဲ့ဖူးသော အပျော်အပါးများ
ဥယျာဉ်တစ်ခုလို စိမ်းလန်းဖူးသော စိတ်ကူးစိတ်သန်းများ
ပတ်ဝန်းကျင် လေချွန်သံတွေနဲ့ 
မီးမှုတ်ထင်းထိုးသူတွေရဲ့  မုန်တိုင်းအားမှာ
တို့ နှစ်ယောက် ရှော့ဖြစ်ရတာပါ အချစ်ရယ်။

မေတ္တာတရား စစ်ရင်
အချစ်ဆိုတာ
ဒီလိုပဲ ထိခိုက်ရှနာတတ်သလား။

ငါ့တွေ့ ဆုံမှုတွေ ယဉ်ကြောပိတ်လို့ 
ငါ့ အပျော်အပြက်တွေ  နှစ်ခြမ်းကွဲလို့ 
ငါ့ နှလုံးသားတွေ ထင်းမီးဖြစ်လို့ 
နှစ်ကိုယ်တစ်စိတ် မီးဖွင့်လို့ မှမရရင်
ဒီတစ်သက်
အရည်ပျော်လွယ်တဲ့ ကံကြမ္မာဖယောင်းတိုင်လေးကိုပဲ
အပြစ်ဖွဲ့ မီးညှိ
ဘ၀တစ်ဆုံး  ယိုးမယ်ဖွဲ့ နေလိုက်တော့မယ်
ဘ၀တစ်ဆုံး  ယိုးမယ်ဖွဲ့ နေလိုက်တော့မယ်ကွယ်။

ဥတ္တရာအောင်

In: ကဗျာ,ဥတ္တရာအောင် Posted By: Date: Jul 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment