Professional Authors

သောကြာနေ့ဒိုင်ယာရီ

အလှနတ်ဖုရားမထံပါး ခခယယဒူးထောက်နေသော လုလင်ပျိုသည်
ချစ်ခြင်း၏နောက်ထပ်သားကောင်တစ်ကောင် ဖြစ်၏။ပျံ့လွင့်လာသော
တေးသွားသည် ငါ့ကို အရင်တစ်ချိန်ကပုံရိပ်ထဲ ဆွဲခေါ်သွားနိုင်ခဲ့သည်။
သို့သော် သူမ၏စိတ်ကိုဖတ်ရန် လိုအပ်နေသောခက်ဆစ်အဖွင့်ကိုမူ
နတ်တို့ဖွက်ထားကြဆဲဖြစ်၏။ဒီနေရာမှာ အဆန်းတကြယ်ရင်ခုန်နေသော
တစ်စုံတစ်ရာသည် ရေခြားမြေခြားမှလာသော expire တစ်ခုသာ
ဖြစ်ကြောင်း ငါ ရှင်းပြနေစရာမလိုတော့ပေ။ခေါင်စားရန် ခေါင်းစားနေသည်မှာ
မင်းမဟုတ်လား။ခြင်္သေ့တစ်ကောင်၏ စားကြွင်းစားကျန်များသည်ပင်
ခွေးအ,များကို တင်းတိမ်စေ၏။စိတ်ကို ခွေပြီး ခေါင်းကို ၀ှက်ထားခြင်းမှာ
မခန့်မှန်းနိုင်သော အရည်အသွေး၏ပြယုဂ် ဖြစ်ကြောင်း သူတို့သိသွားကြပြီ။
မနေ့က မမျှော်လင့်ပဲ မြိနေအောင် သွေးမိ၏။

In: Others Posted By: Date: Nov 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment