Professional Authors

တနင်္ဂနွေဒိုင်ယာရီ

မိမိဒဏ်ရာ မိမိပြန်ဆွတတ်သည့်သူများ စာရင်းမှာ ငါ ပါဝင်၏။

တနင်္ဂနွေနေ့များကို ပြန်လှန်ကြည့်သောအခါ ပလတ်စတစ်ကဒ်လောင်းထားကြောင်း တွေ့လိုက်ရသည်။

မင်းကတော့ ငါ့နာမည်ကိုတောင် ကြားချင်လိမ့်မည် မဟုတ်။

၁၀း၅၀။ငါရောက်လာသောအခါ သူတို့ ၀မ်းသာအားရ လှမ်းနှုတ်ဆက်ကြသည်။

သို့သော် သူတို့အားလုံး ငါ့ကို မမြင်ရ။ကွန်ပျူတာထဲရောက်နေသော virusသည်

သူမ၏ ကိုယ်ခန္ဓာ အချိုးအစား နံပါတ်များသာ ဖြစ်သည်။

မြွေတစ်ကောင်က  အနုပညာနှင့်ပက်သက်သောမေးခွန်းများ မေးလာသောအခါ

အနုပညာသမားတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွား၏။

နာဖျားနေသော ကမ္ဘာထဲ အယူဝါဒများ ငြင်းခုန်ကောင်းနေဆဲ။

ငါကတော့ သစ်ပင်တွေ တစ်ပင်ပြီးတစ်ပင်စိုက်ရင်း တစ်ကိုယ်တော် လေလွင့်နေသည်။

In: Others Posted By: Date: Aug 31, 2010
Comment #1

မိမိဒဏ်ရာ မိမိပြန်ဆွတတ်သည့်သူများ စာရင်းမှာ ငါ ပါဝင်၏။

တနင်္ဂနွေနေ့များကို ပြန်လှန်ကြည့်သောအခါ ပလတ်စတစ်ကဒ်လောင်းထားကြောင်း တွေ့လိုက်ရသည်။

မင်းကတော့ ငါ့နာမည်ကိုတောင် ကြားချင်လိမ့်မည် မဟုတ်။
………………………………

commentinfo By: အသဲကွဲမိုး at Sep 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment