Professional Authors

အကန့်အသတ် တို့ကို ကန့်သတ်ခြင်း

နံနက်ခင်း ရဲ့
ကျက်သရေရှိမှုပေါင်း များစွာဟာ
သူမ ရဲ့ရှေ့မ အလိုလို ခေါင်း ငုံသွားကြတယ်
ကျွန်တော် အပါအ၀င်
ပုရိသပေါင်း များစွာတို့က
သူမ လာဖို့ ကတ္တီပါ ပိုးခင်းဖယောင်းကော်ဇော ကြီးကို
ခင်းကြလေရဲ့
သူမခြေထောက်ကလေးတွေ နာ မည်ကို
စိုးရိမ်သော ကျွန်တော် အပါအ၀င်
ထိုလူအပေါင်းတို့သည်
သူမ ၏ စူးရှချွန်ထက်လှ သော
ဒေါက်ဖိနပ် ရဲ့ အောက်တွင်
ကျွန်ုပ်တို့ရဲ့ နှလုံးသားများကို
အလုအယက်ခင်းကြလေ၏…။
တကျောင်းလုံးရှိ ကျောင်းသားများသည်
သူမ ရှိရာ အခန်းနှင့် ကန်တင်းတို့က လွဲလို့
ကျန်သောနေရာများသို့
ခြေဦးမလှည့် ကြချေ….။
သူမသည် လာလျှင် သာ
သူလက်ကိုင် အိတ်က လွဲရင်ဘာမျှမပါသော်လည်း…
ပြန်လျှင် တော့သူမ၏အပေါင်းအသင်းများပါ
မနိုင်မနင်းဖြစ်ရလေသည်…..။
လိုက်ကြလေသည်
ုငြင်းခံကြရလေသည်
ဘက်ပေါင်းစုံက အသနားခံကြလေသည်
ကျောင်းသားပေါင်းစုံသာမက
ဆရာတို့ပါ သူမအိမ်တွင်
ကျူ ရှင် ပြသခွင့် ရရန်လျှောက်လွှာတင် ကြကုန်လေ၏…။
ကန်တင်းတို့သည် သူမကြောင့် ရောင်းကောင်းကြလေ၏..။
ကျောင်းသားတို့ သည် သူမကြောင့် ကျောင်းတတ်ရက် ကို မျှော်လင့်ကြကုန်လေ၏…။
သို့ပေမယ် နှစ်တို့သည် ဒီအတိုင်းမနေကြ
ထိုနှစ်တို့သည်
ဒီအတိုင်းမ နေကြ
သင်းတို့၏ သယ်ရင်း အပေါင်းအပါများဖြစ်သော
လောကဓံ နှင့် ဇရာ တို့ကို ပါခေါ် လို့လာချေသည်…။
သူမ ၏လွန်စွာလှပသော ပိတုန်းရောင်ကဲ့သို့
ဆံနွယ်ရှည်များနေရာတွင်
ကျို့တို့ကျဲတဲသာရှိသော
ဆံ နွယ် ဖြူများက နေရာယူချေပြီ…။
သူမ ၏လှ ပသွယ်လျှ ခြေတံ အစုံတို့သည်လည်း
စည်းချက်မကြလှသော် လည်း
တုန်နေသည်က တော့သေချာနေပြီ
တင်းရင်း သွယ်လျှပြီး အဖြူ ရောင်သန်းနေသော
သူမ၏ အသားအရေတို့သည်လည်း
တွဲခိုကျနေကာ နေလောင်အညိုရောင်သို့ပြောင်းချေပြီ
သူမ ၏ လက်အတွင်းကို နေကျ စတိုင်ကျကျ
လက်ကိုအိတ်၏ နေရာကို
တုတ်ကောက်တို့က အစားထိုးနေရာယူနေကြပြီ..။
ခါးကော့ရင်ချီကာ လျှောက်တတ်သောသူမ အသွင်မှာလည်း
အခုအခါတော့ ခါးတို့ကိုင်းပြီး ခေါင်း မှာ မူ အရာရာကို
ကျေနပ်လေဟန်နှင့် တညိမ့်ညိမ့်ရှိနေလေပြီ….။
ယခင် က သူမအားအရေးပေးခဲ့သော
အလေးထားခဲ့သော
တောင်းဆိုခဲ့ကြသော
ဂရုစိုက်ခဲ့ကြသော
ပုရိသ များသည်
သူမကို ဂရုမစိုက်နိုင်တော့အလေးမထားကြတော့
ရှိတယ်ဟုတောင်မထင်ကြတော့
ဘယ်လိုဘဲ ဖြစ်ဖြစ်ကျွန်တော် ကတော့
ပျော်ပါတယ်
သူမ ကကျွန်တော်ကို လက်လှမ်းပေတယ်
ပြီးတော့ခေါ်တယ် ဖေကြီးတဲ့
အဲ ပြောရအုံးမယ်
ကျွန်တော် သူမကို အခုထိချစ်နေတုံးပါပဲ
ဘယ်လိုပဲဖြစ်ဖြစ် သူမကို ကျွန်တော်ချစ်ပါတယ်
လူအားလုံးထဲမှာ သူမ ကကျွန်တော်ကို
ရွေးချယ်ခဲ့တယ်လေ
အားလုံးကတော့ ပြောတယ်
ကျွန်တော်ကို လှည်းကျိုးထမ်းတယ်တဲ့
ဘာပဲဖြစ်ဖြစ်ပါ
သူမ ဘက်က အမွေတွေကို လည်း
ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး..
သူမ ဘယ်လိုပဲဖြစ်နေပါစေ
ဘယ်လိုပဲ ဗိုက်ကလေးစူနေပါစေ
သူမ အတွက် လိုအပ်နေတဲ့ အချိန်မှာ
ကျွန်တော်ရှိခွင့် ရခဲ့တယ်
ကျေနပ်တယ်
ကျွန်တော်တုံးတာကို ပဲ ကျွန်တော်ကျေနပ်ပါတယ်
ဘယ်လိုပဲ ဖြစ်ဖြစ်
အကန့်အသတ်တို့ ဘယ်လိုပဲရှိရှိပေါ့
ကျွန်တော် ကိုယ်တိုင်ဒင်းတို့ကို
ပြန်ပြီးကန့်သတ်နိုင်ခဲ့တယ်လေ….။

In: Others Posted By: Date: Nov 23, 2010
Comment #1

ဝတ္ထုတို ရေးလိုက်ရင် ပိုပြီးတော့ဖတ်လို့ကောင်းမယ်ထင်ပါတယ်….
နည်းနည်း စာသားကို ချဲ့ပြီးတော့ရေးမယ်…၀တ္ထုတိုပုံစံမျိုးဆိုရင်..
ပိုကောင်းလိမ့်မယ်ထင်ပါတယ်….အဓိပ္ပါယ်က အရမ်းကောင်းပါတယ်…

commentinfo By: DanYar at Nov 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment