Professional Authors

အသတ်(၆) ပါး၊ကရိယာ(၆၀) နှင့် ကကြီးသိသလောက်…။

အသတ်(၆) ပါး၊ကရိယာ(၆၀) နှင့် ကကြီးသိသလောက်…။

 

 

ကကြီး သိသလောက်ပါ…။

    ကျွန်တော် တို့တတွေ ခု အွန်းလိုင်းမှာ စာတွေ ရေးနေကြတယ်…..။ဘလော့ဂါ တွေ လုပ်နေကြတယ်….။အရမ်းကို လွယ်ကူစွာနဲ့

စာရေးဆရာ၊ကဗျာဆရာတွေ..ဖြစ်နေကြတာပါပဲ….အားလဲအားရစရာ အလွန်ကောင်းတဲ့…အနေအထား တွေပါပဲ…..။

                ဒါပေမယ့်…လွဲမှားတဲ့ အယူအဆ လေးတွေ ကိုတော့  တွေ့နေရတာ  သိပ်မကောင်းလှပေဘူး…..။

အဲ့ဒီ့ လွဲမှားမှု့ လေးတွေက  ဘာတွေလဲ ဆိုတော့……..ကဗျာ အပေါ်မှာ ပါပဲ……တချို့ ယူဆထားပုံဆို အတော်လေး ဆိုးပါတယ်….။

ရှေ့က ကဗျာ ရေးသားနည်း ဆိုင်ရာ တွေကို  ပယ်ချ ကြတယ်…ပယ်ချ ချင်နေကြတယ်….သိပ်  သဘော မတွေ့ ကြ ဘူး..။

ဒါဟာ မကောင်းတဲ့ အချက်တစ်ခု လို ကျွန်တော် ထင်ပါတယ်…..ဘာလို့လဲ ဆိုရင်….ကျွန်တော် တို နိုင်ငံရဲ့ စာပေ လမ်းကြောင်းဟာ

အများတကာ နိုင်ငံ တွေ နဲ့  မတူတဲ့ အခက်အခဲတွေ ကိုကျော်ဖြတ်ခဲ့ ရတာပါ…..။

   ခက်ခဲ့တဲ့ လမ်းကို ဖောက်ခဲ့ရတာပါ…။ အင်္ဂလိပ် ခေတ်မှာ ပျက်စီးခဲ့တဲ့ ကျွန်တော်တို့  စာပေဟာ…သိပ်မကြာသေးခင်.. ဆယ်စုနှစ်(၅)ခုလောက်ကမှ  ဆရာ ကြီး မင်းသုဝဏ်တို့ ဆရာကြီး ဇော်ဂျီ တို့ နောက်အစ ရှိသော စာပေပညာရှင်များက အပြင်းအထန် ကြိုးစားပြီး  လမ်းတစ်ခု ကို မနည်း ပြန်ဖောက်ခဲ့ရတာပါ….ဒါတောင် အတော်များများသော  တိုင်းတစ်ပါး အခေါ်အဝေါ် တွေ ကျွန်တော်တို့စာပေ မှာ ကျန်နေပါသေးတယ်…..    .ဥပမာ…ပလက်ဖောင်း ဆိုတဲ့ စကားမျိုးပေါ့…နောက် အများကြီး ရှိပါသေးတယ်…။

စာရှည်မှာ ဆိုး၍ အခေါ်အဝေါ်များကို အကျယ်မချဲ့ တော့ ပါ..။

                ခု ကျွန်တော် အွန်းလိုင်း မီဒီယာ မှာ တွေ့နေရတဲ့ စာရေးစ လူငယ် တချို့ဟာ…လွဲမှားသော အယူအဆနဲ့ ကဗျာ ကိုရေးနေကြပါ တယ်….ရေးနေတဲ့ စိတ်ဓါတ်လေးတွေကိုတော့ ကကြီး အလွန်လေးစားမိပါတယ်….။ သို့ပေမယ့်..လမ်းဟောင်းကိုကျဉ်တာတော့ မကောင်းဘူးလို့ တော့ ကကြီး ထင်ပါတယ်….။ဆိုလိုချင်တာကို ပြောပါမယ်…

ယခု မြန်မာနိုင်ငံ စာပေလောက မှာ ပို့စ်မော်ဒန် စာရေးဆရာများလို့ နာမည် ကြီးနေတဲ့ ဆရာ သစ္စာနီ…ဆ၇ာ ဇော်ဇော်အောင်…

ဆရာ တာ၇ာမင်းဝေ  အစရှိသဖြင့် စာရေးဆရာ …ကဗျာဆရာ ကြီးများဟာ…မြန်မာခေတ်ဟောင်း စာပေနဲ့ အရေးအသားတွေကို

ပြစ်ပယ်ပြီး သူတို့ သဘောနဲ့ သူတို့ေ၇းချင်ရာရေးနေကြတာ မဟုတ်ပါဘူး….သူတို့ အားလုံးဟာ မြန်မာစာပေရဲ့ အရင်းအမြစ်တွေ သင်ရိုးညွှန်းတန်း တွေ အားလုံးကို  ထုံးလိုချေ ရေလိုနှောက်ခဲ့ပြီးတဲ့ လူတွေပါပဲ..။ ဒီလို သိပြီးမှ..မကြာသေးသော ကာလက စလို့

မော်ဒန်စာပေကို  တီထွင် ရေးသားခဲ့ကြတာပါ….မော်ဒန်ဆိုလို့…သိသလောက်လေး ပြောပြရရင် မော်ဒန်စာပေ မြန်မာမြေပေါ်ကိုရောက်ခဲ့တာ  တိုင်းတပါးစာပေ ကလာခဲ့တာပါ…သူတို့ နိုင်ငံမှာလဲ…ရှေ့အယူအဆနဲ့ အရေးအသားကို အခြေခံပြီးမှ

လမ်းသစ်စာပေ ဆိုတဲ့ ဒီစာပေ ကို စတင်ရေးသားကြတာပါ…အဲ့ဒီ စာပေ အခေါ်အဝေါ် ကတော့(letter free) လို့ ခေါ်တဲ့

စာပေလိုင်းပါပဲ…ဒါကို ကြည့်ပြီးမှ မော်ဒန် စာပေတီထွင်ခဲ့ တဲ့ ပညာရှင် စာရေးဆရာ ကြီးများဟာ မူကို မဖျောက်ဘဲ…ဟန်ကိုဖျောက်ပြီး

ပိုစ့်မော်ဒန်ဆိုတဲ့စာပေလိုင်းမြန်မာ စာပေလောကမှာ အသစ်အဆန်းတီထွင်တဲ့ အနေနဲ့ ရေးသားကြတာပါ…

  ဒါပေမယ့် မှတ်ထားရမှာက  မော်ဒန် စာပေ ကဗျာတွေမှာလဲ  ရှေးက လမ်းစဉ်တွေကို မပြစ်ပယ်ကြဘူးဆိုတာပါဘဲ…။သူ့မှာလဲ သူ့နည်း သူ့လမ်း..သူ့စည်းကမ်း ရှိပါတယ်…အလွတ်သဘော ရေးလို့မရပါဘူး..။

စဉ်းစားကြည့်ပါ…လမ်းသစ်ဖောက်တယ်ဆိုတာ….လမ်းဟောင်းကို စံနမူနာ မယူလို့မရပါဘူး…အနည်းအကျင်းလောက်တော့ ပါရပါတယ်…။  ဆိုလိုချင်တာက….လုံးဝ ပြစ်ပယ်ပြီး ခံစားမှု့ ကို အခြေခံရေးလို့…အဆင့်အတန်းရှိတဲ့  ကဗျာ ဖြစ်မလာနိုင်ပါဘူး..

အပျှော်ဖတ် စာပေ ထဲပဲ အကျုံး ၀င်သွားမှာပါ…..။ ကကြီး ဒီလို မဖြစ်စေချင်ပါဘူး…နောက်တစ်ချိန်မှာ ဒီအွန်းလိုင်းမှာ ရေးသားနေတဲ့

ဘလော့ဂါ တွေဟာ မြန်မာ စာပေလောက မှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတွေ…ကဗျာဆရာ တွေ ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး…။ခု အချိန်မှာ အတွေးအခေါ်မရင့် သန် သေးလို့ ရေးချင်ရာရေးခဲ့တာ ခုအတွက် ပြသနာ မ၇ှိပေမယ့် တစ်ချိန် အောင်မြင်တဲ့ စာပေ သမား ဘ၀ရောက်တဲ့ အခါ….အတွေးအခေါ်တွေပြောင်းလဲ တွေးခေါ်နိုင်တဲ့ အခါကြရင်….ခုချိန်က ရေးသားခဲ့တဲ့…ဘလော့ဂါတွေရဲ့ စာတွေက  သူ့ရဲ့ စာပေ သမိုင်း ဖြစ်သွားပါတယ်…မဆင်မခြင် ရေးသားမိခဲ့တဲ့ မိမိ စာတွေအတွက်

မိမိ ကိုယ်တိုင် ပြန်ရှက်…ပြန်နောင်တ ရမယ့် လူဖြစ်သွားနိုင်ပါတယ်….ကိုယ့် မဆင်မခြင် မှု့ ကို ကိုယ်ပြန်ဖြေ၇ှင်းရပါလိမ့်မယ်..။ ဒီအတွက်ကြောင့် ကိုယ့်ယခု မရည်ရွယ်ဘဲ..စိတ်ခံစားမှု့ကိုအခြေတည် ပြီး ရေးသားရာ စာတွေမှာ သတိ ထားကြစေချင်ပါတယ်…… လမ်းဟောင်းကို မပြစ်ပယ်ပါနဲ့…လမ်းသစ်ကို ဖောက်ကြပါ သို့ပေမယ့်…လမ်းဟောင်းက သင်ရိုးညွှန်းတန်း တွေကိုတော့ လေ့လာ ဆည်းပူးထားတဲ့ အသိအလိမ္မာ ရှိနေဖို့ လိုအပ်ပါတယ်..။

 ခုလဲ ကကြီး သိသလောက် စာပေရေးသားနည်းဆိုင်ရာ လေး တချို့ကို ချပြလိုက်ပါတယ်….။

တကယ်ကို သိသလောက်လေးပါဘဲ…..။ မှားခဲ့တယ် ဆိုလဲ ကကြီးရဲ့ စေတနာ အမှား ပါပဲ….။ဘာလို့လဲ ဆိုတော့ ကကြီးသိသလို…

သိစေချင်တယ်လေ…။

 

    အသတ်(၆)ပါး။

စာရေးဆ၇ာတိုင်း အလေးမူ ဂရုပြုအပ်သည့် ဖြစ်၍ ခပ်သိမ်းသော သတ်ပုံသတ်ညွှန်း ကျမ်းအသီးသီးတို့၏  မှီတွယ်ရာ ငြမ်းကြီးသဖွယ်

ဖြစ်သော အသတ်(၆)ပါး။

 

 

၁။တ..သတ်။

၂။န..သတ်

၃။ပ..သတ်။

၎။မ..သတ်။

၅။နိဂ္ဂဟိတ်..ခေါ်သေးသေးတသ် သတ်..။

၆။ကဗျာလင်္ကာ ဖွဲစီသီးကုံးရာ၌ ယှဉ်အပ် ယှဉ်သင့်သော ယုတ္တ အသတ်။

 

 

ကရိယာ(၆၀)။

ရတုကဗျာ စီကုံးရေးသားရာ၌ ကဗျာလင်္ကာလိုက် စားသုံးသူတိုင်း အသုံးချရမည့် ရှေ့ဆရာကြီးတို့ ၏ ဂရုပဒေသ..နယုပဒေသ..

နဂ္ဂါယဟ..ဖြစ်သော မြန်မာဘာသာ အခေါ် ကရိယာ(သို့) တြိယာ ခြောက်ဆယ်ကို က၀ိပါသဏ္ဍ ကျမ်းမှ ယူ၍ အမြွက်ပြဆို ….။

 

     “”မဉ္စူဘုန်းမော်၊ပွင့်ချိန်မျှော်သည်၊ဗန်းမော်ခေါင်ထိ၊တုမရှိသည်၊က၀ိကဝေ၊စောမြူတေ၊နှစ်ထွေလင်္ကာ၊ကျမ်း၌လာသား၊နည်းနာနယ၊

ဝိတ္တာရဖြင့်၊သုံးတန်ဆင့်၍၊ဖွင့်သည့်ကဗျာ၊တြိယာတွင်၊သမာသေန မူလမဇ္စျေ၊ကိုသာပေတည့်၊သံခြေပျံ့ညှင်း၊ကျွန်ုပ်ခင်းပိမ့်။

(လျှင်..လျှင်း..မူကား၊၀ယ်..သား..တမင့်၊ ချိမ့်..ဖြင့်..တွင်..၏ ။ ပိမ့်..လှည့်..မည်..အံ့၊လော..က..တုံ..မံ့..က၊လိမ့်..စွာ..တံ့..လည်း၊ တည့်..တည်း..ချည်း..ဟု၊ ခဲ့..နည်း..နှိုက်..လျက် ၊ကြောင့်..ထက်..မို့..လည်၊ စံ့..သည်..စိမ့်..တုံ့ ..လိမ့်..တည့်..တော..ကား..၊

လော့..၍..လား..သို့..၊မျှ..တို့..ငှါ..ရှင့်..၊ တမို့..နှင့်..ကို..။)  ရှင့်ပင့်ညဏ်တော်..၊ ထွန်းပေါ်ကျယ်ချဲ့၊ယှည်ခဲ့တတ်၊ တော်မူပါ ဘုရား။

 

 

ကဲ…အလိုရှိသလို  သိနိုင် သုံးနိုင်ဖို့ ရေးဖော်ရေးဖက် များအား ဝေမျှလိုက်ပါတယ်…..။

ကကြီးစေတနာ ပါ…။                            ။

 

 

                       ကကြီး။ [email protected](4.6.11)

 

In: ဆောင်းပါး Posted By: Date: Jun 7, 2011
Comment #1

Likes 🙂

Leave Comments

Name*

Email*
Website
Email me whenever there is new comment