Professional Authors

”ဂျစ်ပစီတစ်ကောင်ရဲ့ ပြောင်းလဲခြင်းနိယာမ ”

ငါဟာ …
ဂျစ်ပစီတစ်ယောက်ဆိုရင်
လမ်းတွေထဲမှာ လျှောက်မသွားဘူး။
ပြက္ခဒိန်ထဲမှာ မရှိတဲ့နေ့ရက်တွေကိုရှာမယ်
ပြီးရင် အဲဒီနေ့မှာ ပျော်ပွဲစားမယ်။
ငါ့ရဲ့သူငယ်ချင်းတွေ အကုန်လာကြ
မင်းတို့ရဲ့ သူငယ်ချင်းတွေပါခေါ်ခဲ့ကြ …။

သစ္ဆေတစ်ကောင်က အခါခါငြီးတယ်။
သူမလာနိုင်ဘူးတဲ့။
ဒါပေမယ့် သူ့ခြေရာကိုတော့ လွှတ်လိုက်မယ်တဲ့။
ဒီလိုနဲ့ ပျော်ပွဲရွှင်ပွဲစပါလေရော ……….။
သေချာတာတစ်ခုတော့ရှိတယ်။
အဲဒီနေ့မှာ ငါပျောက်ဆုံးသွားခဲ့တယ်။
ငါ့ရဲ့ဘ၀ ၊ ဂျစ်ပစီတစ်ယောက်ရဲ့ဘ၀ဟာ
သူမကြောင့်ပျောက်ဆုံးသွားခဲ့တယ်။

အဲဒီသူမဆိုတာ
အလွမ်းကို ရေလိုသောက်ပြီး
အနမ်းကို ပန်းလိုပေါက်တဲ့ကောင်မလေးပေါ့။
သူ့ရဲ့ဘေးမှာ ခစားချင်တဲ့ငတိတွေဟာ
သူ့အတွက်ဆိုပြီး အကောင်းတကာ အကောင်းဆုံးတွေကို
ပေးတယ်။
အလှတကာ အလှဆုံးပန်းကိုပေးတယ်။
သူတို့ရဲ့နောက်မှာ
ငါလဲ
သူမကို ငါ့ရဲ့အကောင်းဆုံးအရာကိုပေးတယ်။
ခု သူမဖက်နေတဲ့ကဗျာပေါ့ “ခွင့်” ဆိုတဲ့ကဗျာလေ။
ဒီလိုနဲ့ ဂျစ်ပစီတစ်ကောင်ရဲ့ ဘ၀မှာ သူမကြောင့်
ပြောင်းလဲသွားခဲ့တယ်။
ဂျစ်ပစီတစ်ကောင်ရဲ့ အကြီးကျယ်ဆုံးမှားယွင်းမှုပေါ့။
အဲဒီနောက် သူပြောင်းလဲသွားခဲ့တယ်။
သူ ……………ပြောင်းလဲသွားခဲ့တယ်။

                နှင်းဝေမိုးလတ်
             (သချာင်္ ဒုတိယနှစ်)

In: ကဗျာ Posted By: Date: Aug 28, 2011
Comment #1

interesting story.
nice writing.

gipsy ta yout a twat a g kye sone hmar ywin hmu..
gipsy ta yout kyaunt ,,,,
1 khu ma ka de tay char hmu tway ko phyat se pyit ke mi de.

commentinfo By: ei lay at Aug 28, 2011
Comment #2

ဖတ်သွားတယ်

commentinfo By: အသဲကွဲမိုး at Aug 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment