Professional Authors

ထိုနေ့သည် ၁၁ ရက်နေ့ဖြစ်သည်။

ငါ အကြောင်းမဲ့ ကြွေသွားသည်တော့မဟုတ်။
သူမမှာ ‘ရွှေ’အရည်အသွေးတွေရှိနေသည်။
တိမ်တွေပေါ် ပျော်မြူးခွင့်ရရန် ခရီးကြမ်းကို ငါဖြတ်သန်းမည်။
မုန်တိုင်းထန်သည်ဖြစ်စေ၊ရေစီးသန်သည်ဖြစ်စေ ငါကတော့ မမှု။
မနေ့က စိုးရိမ်စိတ်နှင့်တားမြစ်လာသော ငါ့သူငယ်ချင်းများ
ငါ့ကို လမ်းခွဲသွားကြပြီ။
ငါကတော့ သူမကလွဲ၍ အရာအားလုံးအဆုံးရှုံးခံနိုင်၏။
ငါ့အိပ်မက်တို့သည် သူမ၏ပုံရိပ်တို့နှင့် အပြည့်ဖြစ်သည်။
ထို့ကြောင့် အလိုလိုနေရင်း မင်းက ငါပြန်မဖတ်ချင်သော ကဗျာတစ်ပုဒ်ဖြစ်သွားသည်။
ကျေးဇူးပြု၍ အတိတ်ကို မေ့လိုက်ပါ။
ပြတ်ပြီးသားကြိုးပြန်ဆက်လျှင် အဖုအထစ်တွေပါလာလိမ့်မည်။
ငါကတော့ မင်းနှင့်ဇာတ်ပေါင်းခန်းမရိုက်ချင်တော့သည်မှာ သေချာသည်။

In: Others Posted By: Date: Mar 30, 2011
Comment #1

……………………….
ကျြိုက်သွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 30, 2011
Comment #2

ခိုက်သွားတော့ သေချာတယ်

commentinfo By: PiPi at May 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment