Professional Authors

ထိုနေ့သည် ၁ ရက်နေ့ဖြစ်သည်။

ဒါဒါဝါဒီတစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ခြင်းသည် အနုပညာဖြစ်သည်(သို့)ရူးသွပ်ခြင်းဖြစ်သည် ကို
ခွဲခြမ်းစိတ်ဖြာရန် အလောင်းအလျာတစ်ဦးအလိုရှိနေကြောင်း မေးလ်ဝင်လာသည်။
ငါရေးသည့်စာ ဖတ်တိုင်း အတွေးပေါင်းသောင်းခြောက်ထောင်နှင့် ခေါင်းနောက်နေတတ်သည့်
မင်းက ပေါ်ပင်လမ်းမှာ မိတ္တူကူးပြရင်း လူပြိန်းကြိုက်တွေနဲ့ မွေ့လျော်နေပြီလား။
(ငါကတော့ သူတို့အကြိုက် အသုံးတော်ခံရန် ဖန်တီးနေခြင်း မဟုတ်။ငါ၏ထောင့်ချိုး၌
ထိတွေ့မြင်နေရသမျှကို မျှဝေခံစားရုံသာ ဖြစ်၏။)
အခု တစ်စုံတစ်ယောက်သည် မအောင်မြင်မှုအတွက် ဇာတာစစ်ရင်း နာမည်ပြောင်းထားသည်။
။မနေ့က ။ တစ်သွေးတစ်မွေးလှနေဆဲသူမ ငါ၏အကောင့်ထဲ ရုတ်တရက်ပြန်ပေါ်လာပြီး
ရေလာမြောင်းပေးနေပြန်၏။
သို့သော် ဆွဲပြီးသား ပန်းချီကား ပြန်မဆွဲချင်သူမှာ ငါ။
ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်၏ချစ်ခြင်းဖွဲ့ကဗျာတစ်ပုဒ်၌

..သြော်မိန်းမ မိန်းမ တဖွဖွ ဂါထာလို ရွတ်ရင်းက ရူးသွပ်ခြင်းက ကားလမ်းမထက်မှာ
ရောဂါ….

ရနေကြောင်းရှာဖွေတွေ့ရှိခဲ့သည်မှာ လွန်ခဲ့သောကြာသာပတေးနေ့က ဖြစ်သည်။

In: Others Posted By: Date: Dec 15, 2010
Comment #1

(ငါကတော့ သူတို့အကြိုက် အသုံးတော်ခံရန် ဖန်တီးနေခြင်း မဟုတ်။ငါ၏ထောင့်ချိုး၌
ထိတွေ့မြင်နေရသမျှကို မျှဝေခံစားရုံသာ ဖြစ်၏။) အဲ့စာသားလေး ကောင်းတယ် တာကောရေ…..

commentinfo By: နှောင်းလူ at Dec 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment