ထိုနေ့သည် ၁၀ ရက်နေ့ဖြစ်သည်။
အပြာရောင်အခန်းကျဉ်းထဲ CD တစ်ချပ် စ တင် လည်ပြီ
 တရင်းတနှီးပက်သက်မှုကတော့ အခုတလော ထစ် ထစ် နေ၏။
 ဇောက်ထိုးကောင်သည် ရုပ်ပြောင်းရုပ်လွှဲဖြင့် သွေးတိုးစမ်းရန် ရောက်ရှိလာပြန်သည်။
 အချစ်သည် မင်းထင်သလို 
 ကျယ်ပြန့်သောရင်ဘတ်နှင့်ကြီးမားသောတင်ပါးမှ ပေါက်ဖွားလာခြင်းမဟုတ်။
 ဟေ့  ငါလှည့်ကန်လိုက်ရမလား။
 အပြာရောင်အခန်းကျဉ်းထဲ CD တစ်ချပ် လည်နေသည်။
 ငါ့မှာ မီးခြစ်တစ်လုံးရှိသည်။
 ခြစ်လိုက်တိုင်း တစ်ချို့  အလင်းရောင်ကြောင့် နွေးထွေးသွားပြီး
 တစ်ချို့  အပူဟပ် လောင်ကျွမ်းသွား၏။
 ဖြည်းဖြည်းယူပါ
  နှလုံးသားကို ဖွင့်ထားပြီး ဦးနှောက်ကို စွင့်ထားရုံနဲ့
 ကျေနပ်အားရမှုများ သင့်ထံ စရံလာသပ်လိမ့်မည်။
 အပြာရောင်အခန်းကျဉ်းထဲ CD တစ်ချပ် လည်နေသည်။
 သူမ၏အနမ်းသည် လျှပ်ပန်းတို့ထက် ထက်၏။
 ယောက်ျားတစ်ယောက်၏၀င့်ကြွားနေမှုများ အပိုင်းပိုင်းပြတ်ထွက်သွားသည်။
 သူတို့၏ယဉ်ကျေးမှုများအရ ဒီနေရာကို ငါကျော်ရစ်ခဲ့မည်။
 ဒါတောင် တစ်စုံတစ်ယောက်က ကဲ့ရဲ့ချင် ကဲ့ရဲ့နေဦးမည် ဖြစ်သည်။
 ဘာပဲဖြစ်ဖြစ် ပြောချင်သည်မှာ
 မင်းရော ငါရော ပုထုဇနောဥမ္မာ့တကော ဖြစ်၏။
 အပြာရောင်အခန်းကျဉ်းထဲ CD တစ်ချပ် လည်နေသည်။
 ….၀င်သက်ထွက်သက်များ……ရွေ့လျားသောမင်းအရိပ်…..
 …ဘာတွေကိုချိုးဖောက်…ဘယ်ခြေလှမ်းပြောင်းမလဲ…အမြဲငါစောင့်ကြည့်နေ…
 ….နေ့တိုင်းမင်းစရိုက်များ……စကားလုံးတိုင်းပြောသမျှ….
 ….ဘယ်လိုအပိုင်ကစားပြီး…ဘယ်လိုကူးပြောင်းမလဲ…အမြဲငါစောင့်ကြည့်နေ…
  

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
ဘာပဲဖြစ်ဖြစ် ပြောချင်သည်မှာ
မင်းရော ငါရော ပုထုဇနောဥမ္မာ့တကော ဖြစ်၏။