Professional Authors

စိတ်လိုလက်ရ မြွေဖမ်းခြင်း

ငါချစ်သောမိန်းကလေးတစ်ယောက် ရှိသည်။သူမအမည် N ဖြစ်သည်။
N ၏လက်ဖ၀ါးနုနုလေးအား ဆုပ်ကိုင်ခွင့်ရသည့်နေ့က
ကမ္ဘာပေါ်တွင် မာနအကြီးဆုံးယောက်ျားမှာ ငါ ဖြစ်သွားသည်။
ဒီစကား သူမ ကြားလျှင် ရယ်မှာသေချာသည်။
အဘယ်ကြောင့်ဆိုသော် N သည် ငါ့ကို သနားစရာသတ္တ၀ါတစ်ကောင်အနေနှင့်သာ
အရေးပေးခဲ့ခြင်းဖြစ်ကြောင်း ငါ သိသွားပြီ။
ထို့ကြောင့် အချစ်ဟာ ခါး ခါး ခါး….ခါးသီးတယ်ဟေ့။
များသွားသည်။
သတိထားကြည့်လိုက်တော့ ရွှေအိုရောင်စာအုပ်များကြား ရောက်နေသည်။
မနက်ဖြန်၏အသံဗလံများတွင် အနုပညာငြီးငွေ့မှုဗုံတီးသံများ ပါလာနိုင်၏။
မင်း လက်ခံသည်ဖြစ်စေ၊လက်မခံသည်ဖြစ်စေ ငါကတော့ ပြောင်းလဲသွားမည်မဟုတ်။
စိတ်လှုပ်ရှားစရာမလို။
ယက်သဲ့ကြား ငါးတင်
တင်တဲ့ငါး ကြောင်စား
ကျန်တဲ့ငါးမှ ဘုရားမလိမ့်မယ်..ဟူသော
တစ်စုံတစ်ယောက်၏ရေရွတ်သံအဆုံး။
ကဲ ဆောင့်ကြောင့်ထိုင်နေကြတဲ့ တစ္ဆေ သရဲတို့ရယ်
မိုးစုန်းစုန်းချုပ်လိုက်ကြစို့ကွယ်။

In: Others Posted By: Date: May 24, 2011
Comment #1

သတိထားကြည့်လိုက်တော့ ရွှေအိုရောင်စာအုပ်များကြား ရောက်နေသည်။
မနက်ဖြန်၏အသံဗလံများတွင် အနုပညာငြီးငွေ့မှုဗုံတီးသံများ ပါလာနိုင်၏။

commentinfo By: မယ်မနော at May 25, 2011
Comment #2

ကြိုက်တယ် ဗျာ

commentinfo By: PiPi at May 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment