ထိုနေ့သည် ၉ ရက်နေ့ဖြစ်သည်။
ကြက်မ တွန်သံကြောင့် မိုးလင်းရန် ခက်သွားပြန်သည်။
အမေဇုံတောတွင်း လိပ်ပြာတစ်ကောင် တောင်ပံခတ်ခြင်းသည်
ရက်သတ္တပတ်(သို့မဟုတ်)လအနည်းငယ်အကြာ
ချီကာဂိုမြို့၏ရာသီဥတုပေါ် အကျိုးသက်ရောက်မှုရှိသည် ဟူသော
သဘောတရားမျိုးကို သူမ နားလည်နိုင်မည်မဟုတ်။
မင်းကတော့ တစ်ခြားတစ်ယောက်၏ရင်ခွင်ထဲ ခိုဝင်နေရင်း
ငါ့ကို နာကြည်းနေသည်။
ငါ့မှာ ချစ်သူရှိခဲ့သည်။
သူမအမည် ကြယ်ကလေး ဖြစ်သည်။
ထိုကြယ်ကလေးသည် တာရာမင်းဝေ၏ကြယ်ကလေး
မဟုတ်သလို ခင်ဗျားတို့ရဲ့ကြယ်ကလေးလည်း မဟုတ်တာတော့
သေချာသည်။
ဆူးတောင်များ ပြန့်ကားနေသောအချိန်သည် သူမ၏အလှသွေးကြွယ်ဆုံး
အချိန်ဖြစ်သည်။
အခုတော့ သူမ ငါ့ကို မုန်းနေသည်။
မုန်းပါ ကြယ်ကလေး။
ငါ့ကို မုန်းပါ။
နင့်ရဲ့မျက်မုန်းကျိုးမှုကို
တန်ဖိုးကြီးကြီးပေးဝယ်ပါ့မယ်။
Comment #4
ရိုးရိုးပြောလိုက်မိတာပါတမျိုးမထင်ပါနဲ.
By: sawmyawadi at Mar 14, 2011
Comment #6
ယဉ်ကျေးမှုသင်တန်းတက်ဖြစ်ရင်ရှေ.ဆုံးနေရာရပါစေ
By: sawmyawadi at Mar 16, 2011
Comment #9
ရှေ.ဆုံးမှာနေရာရပါစေဆိုတာကမျက်မှန်နဲ.ဆိုရင်မမြင်မှာစိုးလို.ပါ။
By: sawmyawadi at Mar 18, 2011




Comment #1
ဖတ်ပြီးနားမလည်ပါ