မင်းနဲ့ငါ နဲ့ ချစ်သူများနေ့နဲ့…………..နဲ့
ချစ်ခြင်းယှဉ်တွဲ
လက်ချင်းတွဲလို့
မျက်နှာခြင်းဆိုင်
မေတ္တာပြိုင်လို့
အသက်ထက်ချစ်
သံယောဇဉ်ဖြစ်သည့်
မင်းနဲ့ငါ လေ
ငါချစ်ရတဲ့မင်း
မင်းချစ်ရတဲ့ငါ
နှစ်ယောက်သားမခွဲ
လက်ခြင်းအမြဲ တွဲ့ ရဖို့
ကမ္ဘာပေါ် မှာ
တို့နှစ်ယောက်အတွက်
နေ့ကလေးတစ်ခု
သတ်မှတ်ခဲ့ပြီလေ
စောင့်ခဲ့ရတဲ့နေ့
မျှော်နေခဲ့တဲ့နေ့
ငါဘယ်လောက်ချစ်တယ်ဆိုတာ
ပြရမယ့်နေ့
နင့်ရဲ့ ချစ်ခြင်းတွေကို
ဖော်ပြနိုင်မယ့်နေ့
အမြဲရှိတဲ့သစ္စာ
ထားခဲ့ရတဲ့
မေတ္တာတွေ
အချစ်တွေနဲ့
ရောကာထုပ်ပိုး
တနင့်တပိုး
မဟုတ်ပေမယ့်
ရင်ထဲက ရှိသမျှ
စိတ်ထဲက ခံစားရသမျှတွေကို
ိမင်းသိအောင်
မင်းက ငါသိအောင်လို့
အားလုံးကသတ်မှတ်ပေးတဲ့
ချစ်သက်နှစ်ဘယ်လောက်
ချစ်သက်လက်ဆောင်ကဘာ
စိတ်ဝင်တစားနဲ့
ပျော်ပျော် ကြီးဆင်နွဲမယ့်
ချစ်သူများနေ့
အဲ့ဒီနေ့ကျရောက်မယ့်နှစ်တိုင်းမှာ
ငါချစ်ရတဲ့မင်း
မင်းချစ်ရတဲ့ငါနဲ့
တစ်သက်လုံး
အခက်အခဲ များကို
လက်ချင်းယှဉ်တွဲ
ပျော်ပျော်လေးနွှဲနိုင်ပါမှာ
Comment #2
with lots of love & faith
By: ei lay at Feb 14, 2013




Comment #1
same to u.