Professional Authors

ချစ်သူများနေ့ရဲ့ အမုန်းနေ့စွဲ

မြှောက်ပေးတတ်တဲ့ ကျွန်တော်တို့ကျောင်းက
ကန်တင်းရေ
သင်လုပ်လို့ ကျွန်ုပ် ရခဲ့တာ
နာကျည်းခြင်းပါ
သေချာစွာထုတ်ပိုး
ကျနစွာ ချည်နှောင်ထားတဲ့
ချစ်ခြင်း ကြင်နာခြင်းကိုမှ
မင်းက လက်မခံတတ်ပဲကို
အနားမှာနေ
ပြောသမျှခေါင်းညိမ့်
ခိုင်းသမျှ လုပ်ပေးခဲ့တာ
မင်းကိုချစ်လို့
တော်ရုံယောင်္ကျားလေးတွေလို
ချိုင့်လေးကိုင်ရုံ
ဘတ်စကားလေးအတူစီးရုံ
မင်းကို ချစ်ခဲ့တာမဟုတ်ဘူး
နှလုံးသားရဲ့ အလိုဆန္ဒကို
မလွန်ဆန်နိုင်တဲ့ငါ့အတွက်
တစ်ခါလောက်
ငါဖြစ်ချင်တာတစ်ခုကို
ငါလွတ်လပ်စွာတောင်းဆိုခဲ့တာပါ
မင်းအတွက်ထိခိုက်ခဲ့လို့လား
နောက်ဆုံးတော့
အနူးညံဆုံး ဆိုတဲ့
အချစ်ဆိုတဲ့
အရာကို မင်းက
ဘီလူးသဘက်လိုမောင်းထုတ်
ငါ့အသည်းကို ဆွဲဆုတ်ပစ်မယ်လို့
ငါမထင်ခဲ့တာအမှန်
ကဲ တားရော့ဒ် ရေ
မင်းက ငါ့အတွက်ကျတော့
မမှန်ခဲ့ဘာလားနော်
အဲ့ဒီနေ့ကို မှတ်မိလေရဲ့
ဗယ်လင်တိုင်းလေ
သူများတွေပျော်တယ်
ငါလည်း ပျော်တယ်
ငါပျော်နေတာက အသည်းလေ
အပြင်ကပူတဲ့ နေကြောင့်ရော
အတွင်းကပူတဲ့ အချစ်ကြောင့်ရောပေါ့
တစ်ကိုယ်လုံး ရွှဲ နေလေရဲ့
ချွေးတွေကော မျက်ရည်တွေကော….
ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့ချစ်သူ
ဘယ်တော့မှ ဆိုတဲ့စကားလုံးကို…..။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

အကို မိုးကြီးလေကြီးနဲ့ ခင်ချင်လို့ပါ
Gmail အကောင့်ရှိရင် ပေးပါလားဗျာ
အပြင်မှာလဲ ကဗျာတွေ ဖလှယ်လို့ ရတာပေါ့ ဟုတ်ဘူးလား
my gmail က [email protected] ပါ

Comment #2

ဟုတ်ကဲ့ပါ
အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်
[email protected] ပါ အစ်ကို အပ် ၇င် ကျွန်တော်လက်ခံပါမယ်
ပြီးရင်တော့ပြန်ရွေးပေါ့ဗျာ
ကျေးဇူးပါဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment