Professional Authors

ချစ်သူများနေ့ မှာအသဲကွဲသူ

ငြိမ်ငြိမ်နေလို့ မရအောင်
လာလာခနဲ့ တဲ့ နေ့ 
အချစ်ဟာ
ချောကလတ်နဲ့ ရောင့် ရဲနိုင်တယ်အထင်နဲ့ 
ပိုစ့် စကက်တွေနဲ့ အတူ
ရူးခဲ့ ရတာလဲအမော
နှင်းဆီနီတစ်ပွင့် မှာ
အပူဓါတ်တွေပိုများတယ်လို့ 
နောင်တော်တွေပြောတာယုံခဲ့ သင့် တယ်
တစ်ကယ်တည်း
လှုပ်လိုက်တာနဲ့ ကမ္ဘာပျက်အောင်
ဆွေးတက်တဲ့ အသည်း
ဘယ်တုန်းကပိုင်ဆိုင်မိပါလိမ့် 
နှလုံးသားချင်းတေ့ ပြီး
ဖွင့် ဟပြကြေးဆိုရင်
ဒီနေ့ ကိုမှတ်ကျောက်တင်ထားတဲ့ 
ချစ်သူတွေလောက်တော့ သနားတယ်
ချစ်သူများရဲ့ နေ့ မှာ
သူများချစ်နေတာကြည့် ပြီးပဲဖြေတော့ မယ်လို့ 
ဆုံးဖြတ်လိုက်တယ်
ခတ်တယ်
မိမိုးရယ်
သတိရခြင်းကမ်းပါးထက်မှာ
မင်းအချစ်ကိုလက်ဆွဲနှုတ်ဆက်မိလိ

ု့ 
ဖေဖေါ်ဝါရီရောက်တိုင်း
ကိုရီယားမှာလို
ခေါက်ဆွဲအမဲတွေပဲစားပြီး
ချောကလတ်နဲ့ ဝေးခဲ့ ရတာကြာပေါ့ 
ဝမ်းနည်းကြောင်း
သ၀ဏ်လွှာတစ်ခုမှာ
ဂုဏ်ပြုထိုက်သူအဖြစ်ချီးမြှင့် ခံရရင်
ငါ့ နှလုံးသားရာသီအပျက်မှာ
ကြွေခဲ့ တဲ့ အသည်းကို
လူမမြင်အောင်
ဟန်ဆောင်ပြုံးခိုင်းလိုက်ပါ့ မယ်
………………………………မင်းလူန
In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

he,,he,,hman like lay chin,,
don’t feel depress,,,
ei lay also hasn’t known what’s valentine day till now,
lol,,,,,,,

commentinfo By: ei lay at Feb 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment