Professional Authors

ချစ်သူများနေ့လက်ဆောင်

ကျွန်တော်ချစ်သူက မေးတယ်
ဒီနေ့ ဘာနေ့လဲတဲ့..
ချစ်သူများနေ့မှာ သူကိုအံသြအောင်
သူကို ပြုံးအောင်၊ သူကိုပျော်ရွှင်အောင်
ဘာလုပ်ပေးမှာလဲတဲ့…မေးလာတယ်…

ကျွန်တော်က ပြန်ဖြေလိုက်ပါတယ်…
သဲရယ်..သဲက ဒီနေ့တစ်နေ့တည်းချစ်သူများနေ့လို့
ထင်နေတာလား၊ ကိုယ့်အတွက်တော့ သဲနဲ့တွေ့ရတဲ့နေတိုင်း
ကိုယ့်အတွက်ကတော့ ချစ်သူများနေ့ပါပဲကွာလို့…ဖြေလိုက်မိတယ်..

ကျွန်တော် သူကိုပေးဖို့အတွက်
ကျွန်တော်နှလုံးသားတစ်ခုလုံးပုံအပ်
သူဘာလုပ်လုပ်၊ဘာပြောပြော
သူစိတ်ချမ်းသာရင် ပြီးရောဆိုပြီး
သူနေသလိုနေ၊ သူပြောတဲ့အတိုင်း
သူဆိုးသမျှကို ရင်စီးပြီးခံခဲ့ပေးတာတက်
ဘာများထပ်ပေးရဦးမှာလဲ…

ဒါတွေဟာ အတိတ်ဟောင်းက အဖြစ်အပျက်တွေပါ
အခုသူ ကျွန်တော်ကို နားလည်မှုတွေနဲ့
လမ်းခွဲဖိုတောင်းဆိုလာပြန်တယ်…
သူစိတ်ဆင်းရဲမဲ့အလုပ်မျိုးမို့
မခံစားတတ်ယောင်ဆောင်ပြီး
သူတောင်းဆိုမှုကို လက်ခံခဲ့တယ်….

ရင်ထဲမှာ မဆံအောင်ခံစားရတာ
သူမသိရှာသလို သူကတော့
ကျွန်တော်နဲ့ ဆန့်ကျင်ဘက်လမ်းမှာ
နောက်တစ်ယောက်နဲ့ပေါ့..

ကျွန်တော် မြိုသိပ်ထားလာခဲ့တယ်
သူပျော်အောင်အမြဲထားခဲ့တယ်
သူစိတ်ချမ်းသာအောင် နေပေးခဲ့တယ်
ဒါပေမဲ့ သူဘက်က တချက်လေးတောင် ပြုံးမပြခဲ့ဖူးဘူး…

ဒီနေ့ ချစ်သူများနေ့ရောက်လာပြန်ပြီ
သဲရယ် ကိုယ့်ဆီကဘာမှန်းတောင်းဆိုချင်သေးတယ်
ကိုယ့်နှလုံးသားကို သွေးအေးအေးနဲ့
တစတစနဲ့ ဒဏ်ခတ်ခဲ့တာတောင်
အားမရသေးဘူး….သဲသိပါစေ..
သဲအတွက်ဆို အရာရာဟာ အမြဲတမ်း အဆင်သင့်ဖြစ်စေရပါမယ်…

တချိန်တုန်းက လူတစ်ယေက်ရဲ့ ဟိုရောက်ရောက်ဒီရောက်နဲ့ ခံစားလာခဲ့တဲ့ ခံစားချက်လေးကို တင်ပြရင်း
                                   စိုး…

In: ကဗျာ Posted By: Date: Feb 14, 2014
Comment #1

!-!

commentinfo By: ei lay at Feb 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment