မေ (သို့မဟုတ်) ကြယ်စင်ခုနစ်ဆင့်ရဲ့ ကကြိုး
မေ (MAY)..
ရနံ့သင်းသင်းဂီတကွက်နှင့်
ယိမ်းနွဲ့တဲ့
အလှဆုံး ကချေသည်ငယ်ပါ
လေရူးတစ်ချက် ဝှေ့ရုံနှင့်
ကဗျာညရှည်တွေ
စည်းဝါးလွတ်ကုန်တယ် ….။
မေ (MAY)..
ဟောဒီရင်မှာ
ကလိုရိုဖီးတွေ ဖြန့်ကျဲပါ
အဖြူရောင် အတ္တပါးပါး
ပန်းရနံ့ များများ
ချစ်သူဆီ တခုတ်တရ
လွမ်း လွမ်းချင်တယ် ….။
မေ (MAY)..
ဆန္ဒတွေကို ခြယ်သပေးစမ်းပါ
တိုးတိတ်နှုတ်ဆိတ်
မိုးရိပ်တွေကို ငေးရုံမက
မေတ္တာအခန်းဆက်တွေကို
လက်ဖ၀ါးဖြန့်ခံရင်း
နူးညံ့နွေးထွေးသွားချင်တယ် …။
မေ (MAY)..
ကမ္ဘာလောကအတွက်
ရှင့်ရဲ့ ပျော်မြဆာလောင်တဲ့
မျက်ရည်တွေ သွန်ချပေးပါ
စက်ဝန်းရာသီတစ်ခွင်လုံး
ငြိမ်းချမ်းစေတဲ့
ရှင်ကလေးကို ကျမ ချစ်တယ် …။
ပျော်လို့ ကျတဲ့ မျက်ရည်တွေနှင့်
အပူငြိမ်းပေးတဲ့ နတ်ပျိုမလေး ..
မေ (MAY)..
မေ ဆိုတဲ့ နာမကို
ကျမ ပိုင်ဆိုင်ထားနှင့်ပြီးသားဆိုတဲ့
အကြောင်းအချက်တစ်ခုနှင့်တင်
ရှင့်ရဲ့ အသက်ဓါတ်တွေ စီးကူးနေသလို ….
မေ (MAY)..
ရှင်ကလေးအတွက်
ရောငိုပေးချင်တယ်
အမြတ်နိုးဆုံး အသိမ်မွေ့ဆုံး
ရှင့် မျက်ရည်တွေ
ကျမ မြတ်နိုးမိလို့ပါ …..။
မေပျို (YIOE)
Comment #3
အရမ်းကောင်းပါတယ် အစ်မ 🙂
By: loafer at May 12, 2013
Comment #4
so sweet
By: ei lay at May 12, 2013
Comment #5
ရနံ့သင်းသင်းဂီတကွက်နှင့်
ယိမ်းနွဲ့တဲ့
အလှဆုံး ကချေသည်ငယ်ပါ
လေရူးတစ်ချက် ဝှေ့ရုံနှင့်
ကဗျာညရှည်တွေ
စည်းဝါးလွတ်ကုန်တယ် ….။
By: သျှင်ငြိမ်းချမ်း at Jan 16, 2014




Comment #1
ကြယ်စင်ခုနှစ်ဆင့်ရဲ့…..