Professional Authors

အမုန်းသင်ခန်းစာ

ငါ….
မုန်းတတ်ချင်လိုက်တာ
အပြုံးမပျက်ခင်လေး….
ဆုံးဖြတ်ချက် ချခွင့်ပေးပါ
အရာရာ ပျက်သုန်း….
အရှုံးတွေနဲ့ ရင်ဆိုင်ရတောင်
မမုန်းရက်ခဲ့တဲ့ ငါ…..

လွမ်းခွင့်မှမရှိတာဟာ…
အတိတ်ကိုသာ တမ်းတ
မျက်ရည်တွေ နွမ်းလျလွန်းလို့ပါ
အချစ်တွေ ခမ်းခြောက်သွားပြီထင်လဲ
အနမ်းတွေ သတိရတိုင်း
လှိုင်းထန်ဆဲ ရင်မှာ….

နင်ကတော့ပျော်နေမှာပါ
မှော်ဆရာ ပဉ္စလက်တွေနဲ့
ပြုစားပြီး သွားတဲ့အခါ…
ငါ့မှာသာ ရင်ကွဲပက်လက်…
သွေးစက်စက်ယို….
ငိုတောင် မငိုနိုင်တော့တဲ့ဘ၀ပါ….

မုန်းတတ်တဲ့သင်ခန်းစာ
အလွမ်းတွေကို ပြင်ပေးနိုင်ပါ့မလား
ငါ………
မခံစားနိုင်တော့လို့ ပါဟာ……

In: ကဗျာ Posted By: Date: Sep 1, 2009
Comment #1

လန်းတယ်ဗျ
ကြိုက်တယ် အားပေးနေပါမယ်……

commentinfo By: naungye at Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment