Professional Authors

ဝေးသွားတဲ့အခါ

‘ဝေးသွားတဲ့အခါ’

ဝေးသွားတဲ့အခါ… ဆွေးရပြီမို့…

တမ်းတစိတ်ဝယ်… မကြည်သာလဲ

မှန်းဆမှတ်ယူ မင်းပုံရိပ်ကို…

လွမ်းမီးပြင်းပူ ညှိုးနွမ်းစိတ်ဝယ်…

ဖော်မစုံ၍ ပျော်ကုန်လေပြီတကား…။

 

ဝေးသွားတဲ့အခါ… မာန်ကိုတင်းကာ…

ပျော်ရာနေ၍ ပတ်သက်သမျှ…

တစ်ဘ၀မှာ… တစ်ခဏဟု…

မှတ်ထင်ယူကာ… မေ့ခဲ့အတိတ်ကို

ထားရစ်ခဲ့ဖို့… ငါအားထုတ်လည်း…

ချစ်စိတ်နွံမှာ… နစ်မြုစ်နေ၍

သတိရခြင်းများ… စွန်းထင်သွား၏။

 

ဝေးသွားတဲ့အခါ… ပြန်မဆုံတောင်

ဘယ်သောနောက်အချစ် မင်းလောက်မချစ်

ကမ္ဘာပျက်တောင် မောင်မပျက်ဟု…

တိုင်တည်သစ္စာ ကျိန်ဆိုကာရယ်…

ရင်မှာခတ်နှိပ် စွဲကျန်ရစ်သည်။

 

In: ကဗျာ Posted By: Date: Jun 19, 2010
Comment #1

ဝေးသွားတဲ့အခါ… ပြန်မဆုံတောင်

ဘယ်သောနောက်အချစ် မင်းလောက်မချစ်
(သေချာတယ်)

commentinfo By: ငယ်လေး at May 29, 2011
Comment #2

100% agree with u

commentinfo By: ei lay at Feb 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment