Professional Authors

ကြာ

ပွှင့်လွှာအထပ်ထပ်  ရိုးမတ်မြင့်ထောင်

ရွက်ရောင်စိမ်းစိမ်း  လှစွာယိမ်းသည်

ရေကြည်ရွက်မဆွတ်  ရနံ့သင်းမွှတ်သည်

လွင့်လွတ်ကြည်ဇယ်  ရေပြင်ကျယ်ဝယ်။

 

နိမ့်တယ်မရှိ  ရေမြင့်သည့်အတိုင်း

ရွက်ဝိုင်းညီညီ  ပန်းကန်ပြားစီ၏

တော်ဝင်မည့်အလှ ရောင်ကြွသွေးစို

ကပိုကရိုတစ်မျိုး စိတ်တန်ခိုးပီတိ။

 

ချိုဆိမ့်ငြိမ်အိ အရသာရှိသည်

အဆံမှာဆီမွှေး စားလျှင်အေးမည်

အမြစ်သည်ပြည့်ဖောင်း ဟင်းကောင်းတစ်ခွက်

ဆေးဘက်လည်းဝင် ပန်းကြာပင်။ (ချမ်း)

 

 

In: ကဗျာ Posted By: Date: Jan 31, 2011
Comment #1

အားပေးသွားတယ် ချမ်းရေ…. ရသတမျိုးလေးပါပဲဗျာ….

Comment #2

ဟုတ်ကဲ့ပါခင်ဗျာ

commentinfo By: ချမ်း at Feb 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment