Professional Authors

အသစ်ဖြစ်တည်မှုသို့ ချည်းကပ်ခြင်း

ကမ္ဘာကြီးအပေါ်မှာ
ခြေနှစ်ချောင်း…..
ရပ်မနေ တွားသွားမနေ
ခြေလှမ်းသစ်လှမ်းသည်။
လွန်လေပြီးသော် ကျန်ခဲ့၏။
ကြားခံနယ် တိကျမှုမရှိ
အတိတ်သီအိုရီမလို
ပထမတစ်လှမ်း
နယ်ပယ်သစ်သို့ ဦးတည်
အသစ် အသစ်
ဖြစ်တည်ရာ နေရာအစ
ကမ္ဘာသစ်သို့  တစ်ဟုန်ထိုး
ခေါင်းစိုက် ဒိုင်ဗင်ထိုး
သစ်ပင်တစ်ပင် ပေါက်လေပြီ။
အကိုင်းရှိသည် အရွက်ရှိသည်
အရိပ်ရှိသည် အသီးအပွင့်ရှိသည်
အမြစ် မရှိ…..
ရေလိုသည် နေပူဒဏ်ခံရမည်
ခွန်အားမွေးရမည်။
နောက်နောင် နောက်နောင်
ရည်မှန်း၍
တစ်နေရာ နေထိုင်ရေး
…………………
………………။ ။

In: ကဗျာ Posted By: Date: Feb 19, 2013
Comment #1

ရေလိုသည် နေပူဒဏ်ခံရမည်

commentinfo By: nyilinaein at Feb 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment