Professional Authors

ပြိုင် မျဉ်း ..

နှလုံးသားနုနဲ့ အပြုံးများဖူးပွင့်ပေးပါ
သူနဲ့ တွေ့ရမယ့် ညနေခင်းတွေ
မိုးလင်းတိုင်း စောင့်စား
သူ့အတွက် ကျွန်တော်ကရေပြင်ဆို
သူက ကြာပင်ဖြစ်သင့်တယ်
သူအတွက် လှိုင်းထန်ဖို့မပြောနဲ့
သူလိုရာ မျောလွင့်နိင်ဖို့..
ဒါပေမယ့်
ကျွန်တော်က မနက်ခင်းဆို
သူက ညနေခင်းတဲ့
မတူညီတဲ့ မျဉ်းပြိုင်နှစ်ခုကြားမှာ
သူ မပါလို့ ရပ်တန့်နေရတာ
ဘယ်က စလှမ်းရမယ်တောင်
မသိတော့ပါဘူး………………….

In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

စလှမ်းလိုက်ပါတော့ အမြန်နီးနိုင်ဖို့

commentinfo By: မေပျို at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment