Professional Authors

အနားသတ်မညီသော

သူ့တွင်……
ကျွန်တော် ၏ အနာဂတ်ကို ဖျက်သိမ်းမည့် အတိတ်တစုံရှိသည်

သူ့တွင်…..
တဂျီဂျီ..တစာစာ.နှင့်
အငိုလွယ်သော ကလေးနှယ်….
အကြင်နာစိတ်များအား တဖဲ့ဖဲ့ တောင်းဆိုတတ်သော နှုတ်ခမ်းတစုံရှိသည်

သူ့တွင်……
ခွဲခြမ်းစိတ်ဖြာ….သုံးသပ်ဆင်ခြင်ခြင်း အသိဉာဏ်အား
ပိန်းပိတ်အောင်မှောင်..ပြုစားတတ်သော…….မျက်ဝန်းတစုံရှိသည်

သူ့တွင်……
ရင်တလှပ်လှပ်…မောပန်းသမျှ…
ခံရခက်ခက်…အသည်းနာသမျှ..ဖြေ သပ် ပေးနိုင်သော
အနုပညာ..လက်ဖ၀ါးတစုံရှိသည်

ထို နှင့်…….
ထို…သို့…နှင့်…….
လက်ဖမိုး လက်ဖ၀ါးချီ….မျက်ဝန်းတို့၏….ပြုစားချက်များနှင့်
စေလိုရာစေ….နှုတ်ခမ်းဖျား…တို့..အောက်
နှလုံးသားတခု.လုံး…ရက်ရက်ရောရော…..မျောပါ

ကျွန်တော်….အတိတ်ကိုလည်း…မကြည့်..အနာဂတ် ကိုလည်းမမြင်
ပျော် တ ခါ မော် တလှည့် နှင့်…သူကြိုးဆွဲရာ…..ကကွက်များနောက်….
မှောက် ရက် လဲ …. …. ….. သိက္ခာများစွာ ကျပျောက်ခဲ့
…..
ဒီလိုနဲ့….
ဒီလို..နဲ့……ပဲ
သူ၏ အတိတ်တစုံသည်…..
ကျွန်တော်၏..အနာဂတ်..အားလုံးကို

အငြိုးကြီးစွာ………ဖျက်ဆီး ပြိုလဲ စေ ခဲ့သည်။

(အခုချိန်မှစ…နောင် သံသရာ တထပ်ထပ်..
မပြတ်တမ်း…..ဆိုငြီးနေမည့်…ကျွန်တော်၏နှလုံးသား
တေးသွားမှာ
သူ့ကို ကျွန်တော် ချစ်သည်)

In: ကဗျာ Posted By: Date: Dec 7, 2011
Comment #1

ကျွန်တော်….အတိတ်ကိုလည်း…မကြည့်..အနာဂတ် ကိုလည်းမမြင်
ပျော် တ ခါ မော် တလှည့် နှင့်…သူကြိုးဆွဲရာ…..ကကွက်များနောက်….
မှောက် ရက် လဲ …. …. ….. သိက္ခာများစွာ ကျပျောက်ခဲ့
မကြီးမိုး အားပေးသွားပါတယ်ခင်ဗျ…

Comment #2

ဘာပြောရမှန်းတောင်မသိတော့ဘူးမိုးရေ…
ရေးအားကောင်းတာကိုလဲ ချီးကျူးပါတယ်
ရေးဟန်လေးတွေကိုလဲ သဘောကျပါတယ်
နောက်ကဗျာတွေကို မျှော်နေပါတယ်ဗျာ…

commentinfo By: lynnthantkoko at Dec 7, 2011
Comment #3

good,,,,,
better,,,,,,,,,,
best,,,,,,,,,,,
a yan daw tar be naw…
daw daw yae tat de

commentinfo By: ei lay at Dec 7, 2011
Comment #4

ဦးလေး လုလင် ..ကိုသျှား..နဲ့ ညီမငယ် အိလေး..အားပေးခြင်းအတွက် အထူးကျေးဇူးတင်ပါတယ်နော်

commentinfo By: အသဲကွဲမိုး at Dec 7, 2011
Comment #5

သူ့တွင်……
ကျွန်တော် ၏ အနာဂတ်ကို ဖျက်သိမ်းမည့် အတိတ်တစုံရှိသည်

သူ့တွင်…..
တဂျီဂျီ..တစာစာ.နှင့်
အငိုလွယ်သော ကလေးနှယ်….
အကြင်နာစိတ်များအား တဖဲ့ဖဲ့ တောင်းဆိုတတ်သော နှုတ်ခမ်းတစုံရှိသည်

သူ့တွင်……
ခွဲခြမ်းစိတ်ဖြာ….သုံးသပ်ဆင်ခြင်ခြင်း အသိဉာဏ်အား
ပိန်းပိတ်အောင်မှောင်..ပြုစားတတ်သော…….မျက်ဝန်းတစုံရှိသည်

သူ့တွင်……
ရင်တလှပ်လှပ်…မောပန်းသမျှ…
ခံရခက်ခက်…အသည်းနာသမျှ..ဖြေ သပ် ပေးနိုင်သော
အနုပညာ..လက်ဖ၀ါးတစုံရှိသည်

ဖတ်အပြီးဘာမှကိုပြောလို့ မထွက်တော့ဘူး….
ရင်ဘတ်တစ်ခုလုံးအောင့်နေတယ်….မိုးရေ..
စိတ်လိုလက်ရအားပေးသွားပါတယ်။

commentinfo By: terry at Dec 7, 2011
Comment #6

သူ၏ အတိတ်တစုံသည်…..
ကျွန်တော်၏..အနာဂတ်..အားလုံးကို
အငြိုးကြီးစွာ………ဖျက်ဆီး ပြိုလဲ စေ ခဲ့သည်။
မမိုး..အားပေးသွားပါတယ်။ကြိုက်တယ်ဗျ။

commentinfo By: poem.poem28 at Dec 8, 2011
Comment #7

သူ့တွင်……
ကျွန်တော် ၏ အနာဂတ်ကို ဖျက်သိမ်းမည့် အတိတ်တစုံရှိသည်

commentinfo By: nate thit(နေ့သစ်) at Dec 8, 2011
Comment #8

ကျွန်တော့် ကဗျာဖတ်ပြီး ရင်ဘတ်အောင့်သွားတဲ့ ဘိုးတော် တယ်ရီ
ကြိုက်တယ်ဗျ ပြောသွားတဲ့ သားထွေး ရဲလေး
နဲ့ အားပေးသွားတဲ့ ကိုနေ့သစ် ..ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…လှိုက်လှဲစွာဖြင့်

commentinfo By: အသဲကွဲမိုး at Dec 12, 2011
Comment #9

aa yan a yan ko kyike tar naw

commentinfo By: ei lay at Dec 12, 2011
Comment #10

ကဗျာကောင်းတစ်ပုဒ်ပဲဗျာ

commentinfo By: moehtetaung18 at Jan 16, 2012
Comment #11

a nar gat ko phat se me thu loh dot ma pyaw par ne naw,,,
koh chit thu ko a kaung sone pe pay phoe kyoe sar kya tar pe lay,,
lu tine pe lay,,
ei lay le ne ne dot ka lay san p soe mi tar lay tway shi dar pe.

commentinfo By: ei lay at Jan 16, 2012
Comment #12

အားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 16, 2012
Comment #13

သူ့ကို ကျွန်တော် ချစ်သည်…။။။

commentinfo By: နွေ at Oct 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment