Professional Authors

ရှင် ၀ဋ်လည်နေတာပါ

မညင်သာတဲ့ အပြော…
တမင်တကာ ကျင့်ထားတာမဟုတ်ဘူး……
ရှင်ကိုက ၀ဋ်လည်နေတာ……။

မသေချာတဲ့ စကား မရည်ရွယ်ထားဘူး
ဟိုအရင်က ရှင့်စိတ်ဓါတ်….
ရှင့်ကို ရှင် ပြန်လည်စေခိုင်းနေတာ…..။

မသင်္ကာတဲ့အကြည့်….မယုံမကြည် ….
မသုံးချင်ဘူး….
ရှင့်ကို မချစ်လို့…..ဟန်ဆောင်တာတွေ မပါဝင်ခဲ့တာ…..။

မတည်နိုင်တဲ့ကတိ
ယုံအောင်မပေးချင်ဘူး………
ခံစားချက်တွေ ရှင့်အတွက်မဟုတ်လို့…..
ရှည်ကြာအောင်လည်း လက်မတွဲချင်တာ…..။

မာယာတွေနဲ့ ရှင် ပြာကျအောင်
မုသားတွေထဲ ရှင် နစ်မွန်းအောင်
ဘုရားစူးစေရဲ့…….
တကယ် ရည်စူးခဲ့တာမဟုတ်ရပါ…..
ရှင့်အတိတ်အကြောင်း ရှင်ပြန်တွေးရင်း….
ရှင်ခွဲခဲ့တဲ့ အသည်းတွေအတွက်
ပေးအပ်ရတာ……
ကျိန်းသေပါရဲ့
ဒါတွေက
ရှင် ……၀ဋ် လည် နေ တာ ပါ……………။

In: ကဗျာ Posted By: Date: Jan 28, 2011
Comment #1

အားပါး ကဗျာလေးက ခုန ကျွန်တော် ခံလိုက်ရတာကို စောင်းရေးနေသလိုပဲ……………… တိုက်ဆိုင်လိုက်တာ………. မပွင့်လွှာရေ ကဗျာလေးက ကောင်းပါတယ် အားပေးသွားတယ်။ ကိုယ်လုပ်လို့ ခံရတာ ကောင်းပါရဲ့….. မလုပ်တဲ့ သူကိုရော တဖတ်သတ်မှားယွင်းစွပ်စွဲမိရင် ဘာပြန်ပြီး လျော်ကြေးပေးမလဲ…. မေးကြည့်တာပါ။ ကဗျာကောင်းလေးတွေ ဒီ့ထက်ပိုရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Comment #2

မာယာတွေနဲ့ ရှင် ပြာကျအောင်
မုသားတွေထဲ ရှင် နစ်မွန်းအောင်
ဘုရားစူးစေရဲ့…….
တကယ် ရည်စူးခဲ့တာမဟုတ်ရပါ…..
ရှင့်အတိတ်အကြောင်း ရှင်ပြန်တွေးရင်း….
ရှင်ခွဲခဲ့တဲ့ အသည်းတွေအတွက်
ပေးအပ်ရတာ……
ကျိန်းသေပါရဲ့
ဒါတွေက
ရှင် ……၀ဋ် လည် နေ တာ ပါ……………။
အားပေးသွားတယ်ပွင့်လွှာရေ

commentinfo By: အသဲကွဲမိုး at Jan 28, 2011
Comment #3

“ကိုယ်လုပ်လို့ ခံရတာ ကောင်းပါရဲ့….. မလုပ်တဲ့ သူကိုရော တဖတ်သတ်မှားယွင်းစွပ်စွဲမိရင် ဘာပြန်ပြီး လျော်ကြေးပေးမလဲ…. မေးကြည့်တာပါ။ ” ဆိုတဲ့မေးခွန်းအတွက်…..
ကိုယ့်ဘက်က ဘာမှမလုပ်ပါဘဲ ခံရတဲ့ လူအတွက်ကတော့ မတရားဘူးပေါ့…….ဒါကလည်း …သူတို့တစ်ချိန်ပြန်ခံရဖို့ ၀ဋ်ကြွေးတွေ ယူနေတယ်လို့ သဘောထားလိုက်ပေါ့ကွယ်
ကိုလိပ်ပြာရေ တိုက်ဆိုင်သလိုဖြစ်သွားရင် sorry ပါနော်

commentinfo By: ပွင့်လွှာ at Jan 28, 2011
Comment #4

မပွင့်လွှာရေ..ကျွန်မလဲအားပေးသွားပါတယ်…ဟုတ်တယ်..၀ဋ်လည်တက်တယ်ဆိုတာလူတိုင်းသိထားရမဲ့အရာပါ….ကဗျာလေးကကောင်းလို့အားပေးသွားပါတယ်။……………. ဟုတ်တယ်..၀ဋ်လည်တက်တယ်

commentinfo By: ရွှေငါး at Jan 28, 2011
Comment #5

အရမ်းကောင်းတာပဲမမရယ်

commentinfo By: ဇလပ်ဖြူ at Jan 28, 2011
Comment #6

အောင်းမငီး.. ဒီဆုံးမစာထဲက စကားလုံးတွေကတော့ တန် ၃၀ လောက်ရှိမယ်..
ပိသာလေးတော့ မယှဉ်နိုင်ဘူးပေါ့ဗျာ..
အခုလို တရားပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်..
အခုချိန်ကစပြီး ဘုရားသွားကျောင်းတက် ပုံမှန်လုပ်ပါတော့မယ်ခင်ဗျာ…. ကြောက်ပါဘီ….

Comment #7

ဘုရားသွားကျောင်းတက် လုပ်ရင်း ပုတီးစိပ်တဲ့အခါလေ…..သူများကို ရွဲ့ပြောတဲ့သူ….ပါးစပ်ရွဲ့တက်၏။
သူများကို စောင်းပြောတဲ့သူ ကင်းကောင်း ဖြစ်တက်၏။
ဆိုတာပါ ထည့်ထည့်ရွတ်နော်….
ဟဲဟဲ မေ့နေမှာ စိုးလို့ကွယ်……ကုသိုလ်ပိုရတာပေါ့နော်

commentinfo By: ပွင့်လွှာ at Jan 28, 2011
Comment #8

တစ်ခါတလေ မရည်ရွယ်ပဲ မှား(များ)ခဲ့မိတယ်
အချစ်စစ်နဲ့တွေ့ပြီလို့ ထင်ခဲ့တဲ့အခါကြတော့
သူ…………………
ငါ့ ကိုဝဋ်လည်စေခဲ့တယ်…..

အရမ်းကောင်းပါတယ်ဗျာ
ကြိုက်တယ်……
🙂

commentinfo By: anatyong at Jan 28, 2011
Comment #9

အနော် ရွဲ့ပြောဘူးနော်..
လေတိုက်နှုန်းက မတည်ငြိမ်တော့ စကားလုံးအသုံးနှုန်း ပုံစံပျက်ပြီး စောင်းသွားတာ မပွင့်လွှာရ…
အဟီးဟီး

Comment #10

မညင်သာတဲ့ အပြော…
တမင်တကာ ကျင့်ထားတာမဟုတ်ဘူး……
ရှင်ကိုက ၀ဋ်လည်နေတာ……။

မသေချာတဲ့ စကား မရည်ရွယ်ထားဘူး
ဟိုအရင်က ရှင့်စိတ်ဓါတ်….
ရှင့်ကို ရှင် ပြန်လည်စေခိုင်းနေတာ…..။

မသင်္ကာတဲ့အကြည့်….မယုံမကြည် ….
မသုံးချင်ဘူး….
ရှင့်ကို မချစ်လို့…..ဟန်ဆောင်တာတွေ မပါဝင်ခဲ့တာ…..။

မတည်နိုင်တဲ့ကတိ
ယုံအောင်မပေးချင်ဘူး………
ခံစားချက်တွေ ရှင့်အတွက်မဟုတ်လို့…..
ရှည်ကြာအောင်လည်း လက်မတွဲချင်တာ…..။

မာယာတွေနဲ့ ရှင် ပြာကျအောင်
မုသားတွေထဲ ရှင် နစ်မွန်းအောင်
ဘုရားစူးစေရဲ့…….
တကယ် ရည်စူးခဲ့တာမဟုတ်ရပါ…..
ရှင့်အတိတ်အကြောင်း ရှင်ပြန်တွေးရင်း….
ရှင်ခွဲခဲ့တဲ့ အသည်းတွေအတွက်
ပေးအပ်ရတာ……
ကျိန်းသေပါရဲ့
ဒါတွေက
ရှင် ……၀ဋ် လည် နေ တာ ပါ……………။ရက်ရက်စက်စက်ကိုမိုက်တယ်ဗျာ….ရင်ဘတ်ထဲကိုတည့်တည့်ကြီးကိုရောက်လာတယ်…

commentinfo By: terry at Jan 29, 2011
Comment #11

ကဗျာကတော့… အ၇မ်းgoodတယ်ဗျာ…

commentinfo By: poem.poem28 at Jun 9, 2011
Comment #12

ကောင်းတယ်

commentinfo By: maypyo22889 at Nov 23, 2012
Comment #13

မသင်္ကာတဲ့အကြည့်….မယုံမကြည် ….
မသုံးချင်ဘူး….
ရှင့်ကို မချစ်လို့…..ဟန်ဆောင်တာတွေ မပါဝင်ခဲ့တာ…..။

မတည်နိုင်တဲ့ကတိ
ယုံအောင်မပေးချင်ဘူး………
ခံစားချက်တွေ ရှင့်အတွက်မဟုတ်လို့…..
ရှည်ကြာအောင်လည်း လက်မတွဲချင်တာ…..။

မာယာတွေနဲ့ ရှင် ပြာကျအောင်
မုသားတွေထဲ ရှင် နစ်မွန်းအောင်
ဘုရားစူးစေရဲ့…….
တကယ် ရည်စူးခဲ့တာမဟုတ်ရပါ…..
ရှင့်အတိတ်အကြောင်း ရှင်ပြန်တွေးရင်း….
ရှင်ခွဲခဲ့တဲ့ အသည်းတွေအတွက်
ပေးအပ်ရတာ……
ကျိန်းသေပါရဲ့
ဒါတွေက
ရှင် ……၀ဋ် လည် နေ တာ ပါ……………။

ဟိုက်……… ရှား…………ဘား…………….

commentinfo By: 13th at Jan 18, 2013
Comment #14

တကယ်အားပြင်းတဲ့ စကားလုံးများ ….

commentinfo By: နွေ at Apr 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment