Professional Authors

သူငယ်ချင်းလို့ပဲ ဆက်ခေါ်မည်။

အတိတ်အကြောင်း ပြောပြချင်တယ်
နင့်ကိုသိပ်ချစ်ခဲ့တဲ့အကြောင်းပေါ့။

ပစ္စုပန်အကြောင်း ပြောပြချင်တယ်
နင်နဲ့ဝေးလဲချစ်နေတဲ့အကြောင်းပေါ့။

အနာဂတ်အကြောင်းလည်း ပြောပြချင်တယ်
နင့်ကိုပဲ ချစ်နေမယ့်အကြောင်းပေါ့။

အကြောင်းတရား အပြည့်အစုံနဲ့ ချစ်နေပေမယ့်
မဟောင်းသွားတဲ့ ငါ့နှလုံးသားက
တစ်စုံတစ်ခုကိုတော့ အမြဲသတိရနေတုန်းပဲ
နင်ငါ့ကို ထားသွားခဲ့တဲ့အကြောင်းလေ။

ခံစားချက်တွေ ပူပြင်းလိုက်တာ
ရန်ကုန်ရဲ့ ဒီနှစ်နွေလောက်ကိုတောင် မမှုတတ်တော့ပါဘူး။

အသိုင်းအ၀ိုင်းငဲ့၊ ဘာသာရေးငဲ့နဲ့
ညှိယူလို့မရတဲ့ အကြောင်းတွေကြားမှာ
နှလုံးသားရင်းပြီး ချစ်ခဲ့ကြတဲ့ ငါ့တို့နှစ်ဦး
ကျောချင်းခိုင်းလို့ ဝေးရာလှမ်းခဲ့ ကြပေမယ့်
အခွင့်ကြုံလို့ ဆုံကြရင်တော့
သူငယ်ချင်းလို့ပဲ ဆက်ရ်ျ ခေါ်မည်ပေါ့နော်။

In: ကဗျာ Posted By: Date: May 22, 2010
Comment #1

အရမ်းကောင်းတဲ့ အရေးအသားလေးပါပဲ တဆင့်မျှဝေးပေးလိုက်မယ်နော်

commentinfo By: su pyae at Jun 4, 2010
Comment #2

အသိုင်းအ၀ိုင်းငဲ့၊ ဘာသာရေးငဲ့
ရင် အရင်ကတည်းက အချစ်ကိုမြိုသိပ်ထားသင့်တယ်
ဒါမှမဟုတ်ရင် သူငယ်ချင်းဆိုတာကို မခေါ်သင့်ဘူး
သူငယ်ချင်းမှ မဟုတ်တာ

commentinfo By: zayar at Jun 4, 2010
Comment #3

သူငယ်ချင်းအကြောင်းဆိုရင် တခြားထောင်ပေါင်းများစွာသော အကြောင်းအရာတွေထက် ပိုစိတ်ဝင်စားတယ် ရေးထားတာ အရမ်းကောင်းတယ် ကျေးဇူးတင်တယ် ဒီ website ကို အခုမှ စဖတ်တာပါ သူငယ်ချင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို များများရေးပေးနော်

commentinfo By: Thu Lay at Jun 7, 2010
Comment #4

အရမ်းကောင်းတယ် ခံစားချက်နဲ့တိုက်ဆိုင်တယ်

commentinfo By: moonstar at Jun 14, 2010
Comment #5

ပြိးခဲ့တာတွေလည်းပြီးပါစေတော့ ……ဖြေသိမ်နိုင်ပါစေ

commentinfo By: maythoutkyar at Jun 22, 2010
Comment #6

တိုက်ဆိုင်လိုက်တာများဗျာ . . .
တကယ်ကိုပဲ ခိုက်မိပါတယ်
ဒါပေမယ့် နောက်ဆုံးစာကြောင်းမှာတော့ “၍ ´´ကို သေချာလေး ရိုက်ပေးနိုင်ရင် အဆင်ပြေမယ် ထင်ပါတယ်။ ၍ = ~ + i
ကျေှးဇူးတင်ပါတယ်။ ။

commentinfo By: မောင်နွေဦး at Jun 22, 2010
Comment #7

share တင်လိုက်ပါပြီဗျာ…ကြိုက်လို့

commentinfo By: Shane Khant at Jun 22, 2010
Comment #8

i like it ! 🙂

commentinfo By: raingirl at Jun 29, 2010
Comment #9

သူငယ်ချင်းဘ၀ပဲကောင်းပါတယ်……….. တန်ဖိုးအရှိဆုံးနဲ့ အချိန်ရဲ့ တိုက်စားမှုထဲမှာ ပါ မသွားတဲ့အရာ တစ်ခုက သူငယ်ချင်းသံယောဇဉ် လို့ ကြားဖူးတာပဲ .

commentinfo By: yuki at Jul 30, 2010
Comment #10

တစုံတယောက်ကို ပိုလွမ်းမိပါတယ်

commentinfo By: moelay at Sep 10, 2010
Comment #11

အရမ်းကောင်းတယ်၊ စာသားလေးတွေက အရမ်းခံစားရသလိုပဲ……..

commentinfo By: ချိုသဲဝင်း at Dec 23, 2010
Comment #12

အကြောင်းတရား အပြည့်အစုံနဲ့ ချစ်နေပေမယ့်
မဟောင်းသွားတဲ့ ငါ့နှလုံးသားက
တစ်စုံတစ်ခုကိုတော့ အမြဲသတိရနေတုန်းပဲ
နင်ငါ့ကို ထားသွားခဲ့တဲ့အကြောင်းလေ။

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #13

တစ်စုံတစ်ခုကိုတော့ အမြဲသတိရနေတုန်းပဲ
နင်ငါ့ကို ထားသွားခဲ့တဲ့အကြောင်းလေ။

commentinfo By: zar zar at Sep 26, 2011
Comment #14

sorry to read

commentinfo By: ei lay at Jan 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment