Professional Authors

ကျေးဇူးပြုပြီး…

ချစ်လွန်းရင် နစ်မွန်းရတတ်သတဲ့

အပြစ်မစွန်းခင် ရင်နွမ်းအောင်ခံစားချက်တွေနဲ့

အလွမ်းတွေ သိုဝှက်

မေ့ရခက်ပေမယ့် မေ့ထားလိုက်ပါ့မယ်…

ညာတာနဲ့ မာယာတွေကို

စာနာစိတ်လေးနဲ့ လျော့သုံးစေချင်တယ်

အမုန်းတွေဖြစ်တည်လာမှာမဟုတ်ပေမယ့်

အပြုံးတွေခမ်းခြောက်သွားမှာစိုးလို့….

မချစ်ရင်လဲ အပြစ်မမြင်ခဲ့ပါဘူး

အလစ်မှာခိုးယူသွားတဲ့ မျှော်လင့်ခြင်းတွေကိုတော့

ပြန်အသက်သွင်းပေးစေချင်တယ်

အလင်းရောင်မဲ့တဲ့ဘ၀မှာ မနေနိုင်လို့   ။

သွားမှာဆို မတားသာခဲ့ဘူး

အားနာနေဖို့   မလိုပေမယ့်

သိတတ်တဲ့စိတ်လေးသာရှိမယ်ဆိုရင်

ဟန်ဆောင်ချင်နေသေးတဲ့စိတ်တွေ အဆုံးသတ်သင့်ပြီ။

In: ကဗျာ Posted By: Date: Jul 8, 2009
Comment #1

စာနာစိတ်လေးနဲ့ လျော့သုံးစေချင်တယ် .. အဲဒီ့စာကြောင်းလေး ကြိုက်တယ်ဗျာ။ ကောင်းတယ် ကဗျာက။

commentinfo By: thettwe at Jul 9, 2009
Comment #2

😛
😛
😛

commentinfo By: ei lay at Jul 30, 2012
Comment #3

ကြိုက်ပါတယ်ရှင်

commentinfo By: maypyo22889 at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment