Professional Authors

နားခိုရာ

နားခိုရာ

 

မင့်း မျက်နှာပြင်ကို
ဘာမှ ထပ်မဖို့ပါနဲ့တော့
မာယာတွေ မှုန်ခြယ်ထားတဲ့
အသွင်အပြင်တွေမှာ
ငါ နစ်မွန်းခဲ့ပြီပဲ။      ။

ဘဝနဲ့အချစ်ကို ရွေးချယ်ရာမှာ
မင်း သိပ်ထူးချွန်လွန်းခဲ့တယ်။    ။

အခုတော့ ငါ့ရင်ခွင်ကို
မင်းလေ့ကျင့်ခဲ့တဲ့
ကွင်းပြင်လို သတ်မှတ်
မိုးမြင့်ထက်ကို ပျံပေအုံးတော့
ငါ နှုတ်ဆက်ခဲ့ပါတယ်။      ။

အတောင်ညောင်းတော့လည်း
ပြန်ခဲ့အုံးပေါ့…..

မြေပြင်ဆိုတာ ခေတ္တနားခိုရာမို့
တစ်ခါတစ်ခါ …..
အထီးကျန်ဆန်တာ မင်းနားလည်နိုင်ပါစေ။     ။

In: ကဗျာ Posted By: Date: Oct 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment