Professional Authors

ဒီဆောင်း

အတိတ်အကြောင်း
မမေ့ကောင်းတော့
ဆောင်းညမှာတောင်
သတိရတယ်……..

သတိရတဲ့စိတ်နဲ့
အိပ်မရတဲ့ညအခါ
အတိတ်ကအလည်
ရောက်လာတယ်………

အတိတ်ကို ဧည့်ခံရင်း
ပျင်းရိသွားတဲ့ စိတ်အစဉ်မှာ
အိပ်မက်တွေသာ
မြင်ရတယ်……….

မြင်မက်တဲ့ ခဏမှာတောင်
နှောင်းခဲ့တဲ့အဖြစ်နဲ့
အဆုံးသတ်မရတဲ့ သံယောဇဉ်ကို
ဆက်ကြိုးရှာမိတုန်း………..

ဗြုန်းစားကြီးလန့်နိုး
မျက်ဝန်းက တာဘောင်ကျိုးပြီး
ဝေါကနဲ သွန်းဖြိုး
ဒီဆောင်းအိပ်မက် ဆိုးလှချည့်……….

စစ်အေးငြိမ်း

In: ကဗျာ Posted By: Date: Jan 2, 2012
Comment #1

နှောင်းခဲ့တဲ့အဖြစ်နဲ့
အဆုံးသတ်မရတဲ့ သံယောဇဉ်ကို
ဆက်ကြိုးရှာမိတုန်း………..

commentinfo By: nwenyeinaye at Jan 2, 2012
Comment #2

Great ဗျာ Great ။

commentinfo By: X - ray at Jan 2, 2012
Comment #3

excellent.
excellent.

commentinfo By: ei lay at Jan 2, 2012
Comment #4

ကောင်းတယ်ဗျာ
အ၇မ်းကြိုက်တယ် ဒီကဗျာလေး

commentinfo By: Village chat kyi at Jan 3, 2012
Comment #5

1 nya lone ko ma ate ya tay tar,,he,,he,,

commentinfo By: ei lay at Jan 3, 2012
Comment #6

ကဗျာလေးက … ချစ်ဖို့ကောင်းလိုက်တာဗျာ.
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment